Chapter 64

4K 541 3
                                    

Chapter 64
သားဖြစ်သူအား ချောင်ပိတ်အမိဖမ်းခြင်း ( 2 )

ထိုနှစ်တွင် ထိုအရာများကို တွေးတောရင်း အဘွားအိုသည် ဒေါသပိုထွက်ခဲ့သည်။ လေးမိသားစုတွင် မိသားစု၏ ဘိုးဘေးများအပြင် ပိုင်ဆိုင်မှုအားလုံးကို တာဝန်ယူသော သူမသည် ဆုံးဖြတ်ချက်အား လုံးကို ချမှတ်နိုင်သည်။ ဘယ်သတို့သမီးဖြစ်ဖြစ် မြေးတွေက သူ့စကားနားမထောင်ရဲဘူး။ သို့သော် ထိုအရာသည် သူမ၏နှလုံးသားထဲတွင် ဆူးပင်တစ်ခုလိုပင်။ ထိုခွေးကောင်အတွက် မြေကွက်ဝယ်ရန် အလို့ငှာ အချမ်းသာဆုံးသော လင်မယားနှစ်ယောက်သည် သူမကိုပင် ကြံစည်ခဲ့ကြသည်။

သူမသည် ဤနှစ်များ မည်မျှပင်ကျွန်ခံခဲ့ပါစေ သူမ ၏ မုန်းတီးမှုမှာ အနည်းငယ်မျှ လျော့ပါးမသွားဘဲ အဘွားကြီး၏ စကားလုံးများသည် သံသယသည်စိတ်ထဲသို့စိမ့်ဝင်သွားသည်။ လင်းချန်းလုံနှင့်သူ့ဇနီးသည် မျက်နှာများဖြူဖပ်ဖြူရော်ဖြစ်နေကာ သူ့ဇနီးသည်မှာ ယခုအခါလူတစ်ကိုယ်လုံး ရေခဲတွင်းထဲသို့ ကျသွားသလိုမျိုး ပို၍စိတ်ပျက်လာသည်။ နှစ်တွေကြာလာတာနဲ့အမျှ သူတို့မိသားစုအတွက် မြင်းတစ်ကောင်လို အလုပ်လုပ်ခဲ့ပေမယ့် အဲဒီနှစ်မှာ သူတို့လုပ်ခဲ့တဲ့ သစ္စာမဲ့မှုကို မချေဖျက်နိုင်သေးပါဘူး။  သူတို့သားကို လွတ်မြောက်စေချင်ရုံမျှသာ ဒါမှားခဲ့သလား ??

ဘန်း ~~

“မေမေ ကျွန်တော့်သွေးအမေ‌ရေ ကျေးဇူးပြုပြီး ရပ်ပေးပါလို့ တောင်းပန်ပါတယ် အဲဒီနှစ်မှာ အဲ့လိုလုပ်ခဲ့တာ ကျွန်တော့်အမှားပါ ကျေးဇူးပြုပြီးအိမ်ပြန်ပါ”

လို့ အရပ်ခုနစ်ချီရှည်တဲ့ လူကြမ်းကြီးတစ်ယောက်ကလူအများရှေ့မှာ သူ့ရဲ့သီလကိုပြရန် အဘွားကြီး‌ ထံမထင်မှတ်ပဲဒူးထောက်ထိုင်ချလိုက်တယ်။ ဒီလိုတောင်းပန်တာက မိုက်မဲသော ရိုသေကိုင်ရှိုင်းမှုဟု ဆိုနိုင်သည်။ ရွာသားတွေက မကူညီနိုင်ဘဲ အတင်း အဖျင်းပြောကြတယ်။ သက်ကြီးရွယ်အိုအမျိုးသမီးအချို့သည် အဘွားအိုကို မနာလိုစိတ်ဖြင့် ကြည့်ကြသည်။ အကယ်၍သာ သူတို့သားလေးတွေဟာ ယခုကဲ့သို့ ၎င်းတို့အပေါ် ရိုသေကိုင်ရှိုင်းပါကဖြစ်နိုင်ရင် မိသားစုဂုဏ်သိက္ခာကို ဖျက်စီးဖို့ခွင့်ပြုပြီး လင်းဂျင်ရွှမ်နဲ့မြေးနှစ်ယောက်ကို အိမ်ပြန်ခေါ်လာဖို့ ဆန္ဒရှိကြပါတယ်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now