☘️ Chapter 154

2.2K 301 2
                                    

☘️ Chapter 154
☘️ Make A Pitiful Face : Play Rouge (1)

သူ့ကိုလက်ခံထားပြီးဖြစ်တဲ့ အမျိုးသမီး၀မ်ကအရမ်းစိတ်ပူပြီး ပြန်ကောင်းမလာမှာကိုကြောက်တယ်။ ဂျင်ရွှမ်နှင့် ဂျင်ဟန်၏ပြင်းထန်သောရောဂါ သည် သူ့မှတ်ဉာဏ်ထဲတွင်အသစ်အဆန်းဖြစ်နေသေးသောကြောင့် သူမသည်မိသားစုအတွင်းတစ်စုံ တစ်ဦးဖျားနာလာမည်ကို အကြောက်ဆုံးဖြစ် ကြောင်းကောင်းကင်သာသိသည်။

"ကျွန်တော်နေကောင်းပါတယ် အမေ။ အအေးမိရုံပါပဲ။ ဂျင်ရွှမ် ကျွန်တော့်ကိုပေးလာတဲ့ဆေးကတော် တော်ကောင်းတယ် သက်သာလာပါပြီ။ အကြာကြီးအိပ်ပြီးတော့ ပိုကောင်းလာတယ်။”

ရန်ရှန်းလွေ့သည်လည်း အရှက်ကင်းမဲ့သူပင်။ လင်းချန်းလုံနှင့် အခြားသူများ ဤနေရာသို့ပြောင်းရွှေ့လာစဉ်ကတည်းကပင် သူသည် ၎င်းတို့အား အဖေနှင့်အမေဟု စတင်ခေါ်ဆိုနေပြီဖြစ်သည်။ အခုဆို  အမေဆိုတဲ့ စကားလုံးက ညီအကိုသုံးယောက်နုတ်ကထွက်တာထက်တောင် ပိုချောမွေ့နေသေးတယ်။ လင်မယားနှစ်ယောက်က သူ့ကိုပိုလို့တောင်မကျေ နပ်တာဘာမှမရှိနိုင်တော့ဘူး။

"ဒါပေမယ့် မင်း သတိထားဖို့လိုသေးတယ်။ အအေး မိတာကြောင့်ဖြစ်တဲ့ ရောဂါတွေကအများကြီးပဲ မင်းအတွက်ဆေးတချို့လုပ်ပေးဖို့ အမျိုးသမီးဆုန်းကို ငါ ပြောထားခဲ့တယ်။ နေ့လည်စာစားပြီးရင်ယူ သွားလိုက်ဦး"

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသမီး၀မ်ရဲ့ လေသံက ညှိနှိုင်းဖို့ နေရာမရှိတာကြောင့် ရန်ရှန်းလွေ့ကသဘောတူဖို့ခေါင်းညိတ်ရုံသာရှိပါတယ်။ လင်းဂျင်ရွှမ်ကပြုံးပြုံးရွှင်ရွှင်နဲ့ စကားစမြည်ပြောပြီး

“အမေ၊ ဘာဖြစ်နေတာလဲ မသိတဲ့သူတွေက အမေ့ကို သမားတော်လို့ထင်သွားကြလိမ့်မယ်”

“နာတာရှည်ရောဂါက လူနာကိုဆရာဝန်ဖြစ်စေတယ် နားလည်လား”

သူ့ကို ခပ်ပြင်းပြင်းစိုက်ကြည့်နေတဲ့ သူ့သားလေးကို တွန်းလိုက်ပြီး အမျိုးသမီး၀မ်ကခေါင်းငုံ့ကာ ခပ်တိုးတိုးရေရွတ်ခဲ့တယ်။

"အဲဒီနှစ်က ဂျင်ဟန်လည်း အအေးမိသွားတယ်။  ပြီးတော့ အဲ့ဒါက အလေးအနက်မရှိဘူးထင်ပေမယ့်...."

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now