Chapter 178

681 98 0
                                    


CHAPTER 178



"ဒါပေမယ့် ဖေဖေ၊ ကလေးတွေရန်ဖြစ်တယ်ဆိုတာ မှားတယ်၊ တခြားသူတွေအပေါ်ဆေးမသုံးရဲဘူး"


လင်းဝူသည် ခေါင်းငုံ့ကာ လက်ချောင်းများကိုမှား ယွင်းစွာပုတ်လိုက်သည်။ ၀မ်ဂျူရမ်၏ ပြောစကားများ သည် နားထဲတွင်ပြန်ကြားလာခဲ့သည်။ သူသည် ထိုကလေးငယ်များ၏ မျက်နှာကို လက်ဖဝါးနှင့်ပင် ထိလိုက်သည်။ သူတို့၏လက်များအားလုံး ရောင်ရမ်းနေပြီး ကြောက်စရာကောင်းလောက်အောင်ပင်။ အဖေ့ သူ့ကိုဒီလိုအပြစ်ပေးတာမျိုးမဖြစ်စေချင်ဘူး


"ဒီလောက်အဆင်ပြေတဲ့နည်းရှိတာကို မင်းမသုံးရင် လူမိုက်ပဲ။ မင်းဘာအမှားမှမလုပ်ဘူး။ မင်းဘာလို့ပြန်မတိုက်နိုင်တာလဲ၊ မင်းကိုသတ်ဖို့စောင့်နေတာလား။ ဟမ်? ရှောင်၀မ် ရှောင်ဝူ သတိရပါ ငါတို့က တိုက်ခိုက်မခံရဘူးဆိုရင် ငါတို့တိုက်ခိုက်မှာမဟုတ်ဘူး၊ ငါတို့တိုက်ခိုက်ခံရရင် ငါတို့က သေချာပေါက် တန်ပြန်တိုက် ခိုက်ရလိမ့်မယ်။ မင်းကျင့်ဝတ်တွေကို ပိုလိုက်နာလေ၊ မင်းကို အားနည်းတဲ့သူလို့ထင်လာလေလေပဲ ၊ မင်းလက်မချမချင်း ရိုက်နှက်နေသမျှ၊ မင်းကိုထပ်ပြီးဒုက္ခမပေးရဲတော့ဘူး။ ဒါကြောင့်ချမ်းသာတဲ့မိသားစုကကလေးဖြစ်ဖြစ်၊ ၀မ်ဂျူရင်ကလေးပဲဖြစ်ပါစေမင်းဘာအမှားမှမလုပ်ဘူးထင်နေသရွေ့တော့သူတို့ကိုရိုက်နိုင်တယ်၊ ခက်ခဲလည်း ရိုက်ခဲ့ ဖြစ်လာတဲ့ပြဿနာတစ်ခုခုရှိလာရင် ဖေဖေတာ၀န်ယူပေးမယ်။ မင်းကိုယ်မင်းပဲ ဂရုစိုက်။"


၎င်းတို့သည် အနာဂတ်တွင်တော်ဝင်မိသားစု၏ လှည့်စားမှုကိုရင်ဆိုင်ရမည့် ရန်ရှန်းလွေ့၏သားသမီးများ ပင်ဖြစ်ပါစေ၊ သာမန်လယ်သမားမိသားစုမှ ကလေးငယ်များဖြစ်သည့် လင်းဂျင်ရွှမ်၏ သားသမီးများကဲ့သို့ပင် ၎င်းတို့အား အနိုင်ကျင့်ရန်ခွင့်မပြုနိုင်ပေ။ ကလေးတွေရန်ဖြစ်တာက ဘာများမှားလို့လဲ ရန်မဖြစ်ကြတဲ့ ကလေးတွေဟာ အဲဒီအနိုင်ကျင့်သူတွေရဲ့ အသုံးချခံ ပစ္စည်းတွေအဖြစ်သာအဆုံးသတ်သွားကြသည်။ သူတို့ဖေဖေက သူ့သားသမီးတွေကိုအနိုင်ကျင့်တာခံရမှာထက် ပျားအုံကိုသာနှိုးဆွပေးလိုက်သည်။ သူ့ပေါင်မုန့်လုံးလေးများသည် ပြဿနာဖြစ်အောင် အစပျိုးလုပ်ဆောင်မယ့်ကလေးများဟုထင်လိုက်လေနှင့်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now