Chapter 175

715 100 0
                                    

CHAPTER 175

ဤရုတ်တရက်မတော်တဆမှုမှာတောရိုင်းသီးနှံ့များ ကောက်ခြင်း၏ မူလအစီအစဉ်ကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ထိုဝက်ကြီးကို အိမ်ပြန်သယ်လာပြီးနောက်တွင် လင်းဂျင်ရွှမ်နှင့် ရန်ရှန်းလွေ့တို့သည် ပြန်မသွားကြတော့ဘဲ အခြားသူများသည် ခူးဆွတ်ထားသော တောရိုင်းသီးများကို ပြန်သယ်ရန် ပြန် သွားရသည်။ ဧရာမဝံပုလွေနက်ကြီးကို မြင်ရသဖြင့်အမျိုးသမီး၀မ်၊အမျိုးသမီးရန်နှင့် ဆုန်းချွေ့လင်းတို့အားလုံးသည် မလှုပ်ဝံ့ဘဲအသက်ရှုကြပ်ကြသည်ကို တွေ့ရသည်မှာအံ့သြစရာပင်။ ဧရာမဝံပုလွေကို ဦး ဆောင်လာတဲ့ သားပေါက်နှစ်ကောင်က သူတို့ကို ဖြတ်ကျော်သွားချိန်မှာတော့ သူတို့အသက်ထွက်လုနီးပါးပါပဲ။"မေမေ မကြောက်ပါနဲ့ သားတို့က သူနဲ့ မရှုပ်သရွေ့တော့ သူက သားတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူး။ သူ့ကို အရွယ်အစားပိုကြီးတဲ့ ရှောင်ဟိုင်အဖြစ်ပဲ ယူဆလိုက်ပါ"


ရယ်စရာကောင်းတာကိုတွေ့တော့ လင်းဂျင်ရွှမ် က ကြောက်လန့်နေတဲ့ အမျိုးသမီး၀မ်ကို ကိုင်ပြီး အဖေနဲ့ သားပေါက်လေးနှစ်ယောက်ကို ကြည့်ရင်း ရှင်းပြတယ်။ အဲဒီဝံပုလွေက တော်တော်မြင့်မြတ်တယ်။ သူ့မိသားစုကို မထိခိုက်စေဖို့ ကတိပေးထားပြီးသား တောက်လျှောက် သူတို့နဲ့တောင် မဆက်သွယ်ဘူး။ ဒါပေမယ့် ကတိမပေးခဲ့ဘူးဆိုရင်တောင် သူတို့ကို တိုက်ခိုက်ဖို့ သူ့သိက္ခာကျတယ်လို့ သူခံစားရလိမ့်မယ်။"အရွယ်အစား ပိုကြီးတာ ? အဲ့လို ကြားရတာတော့ ကောင်းပါတယ်။ သူကအရွယ်အစားနည်းနည်းကြီးတာထပ်ကို တော်တော်လေးပိုကြီးနေသည်။ အိုး ငါအရမ်းကြောက်တယ်!"


တုန်တုန်ယင်ယင်ဖြင့် လင်းဂျင်ရွှမ်၏လက်ကို ကိုင်ထားပြီး အမျိုးသမီး၀မ်က ထိတ်လန့်တကြားပြောလိုက်သည်။ ထိုဝံပုလွေကြီး သူမထွက်သွားသော အခါတွင် သူ့အစွယ်နှင့်ဆုံးသွားလိမ့်မည်ဟု သူမထင်ခဲ့သည်။ အရမ်းကြောက်စရာကောင်းတယ်။


"ရွှမ် သခင်ကြီးရွှမ် အဲဒါ..."


အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now