Chapter 58

4.4K 601 3
                                    

Chapter 58
ငါ ဘယ်သူကိုမှ အခွင့်အရေးမပေးဘူး ( 2 )

သူ၏ ချောမောသော မျက်နှာ၌ ခပ်ခွာခွာနှင့် လေး နက်ပြီး ဘာမထီတဲ့မျက်နှာ‌လေးပေါ်လာသည်။ မှတ် ဉာဏ်တွေ ပျောက်ကွယ်သွားပေမယ့် သူ့သဘော သဘာဝက သူနဲ့အတူမွေးဖွားလာခဲ့တယ်။ ရန်ချန်းလွေ့က စကားဆုံးပြီးနောက် ထိတ်လန့်သွားခဲ့သည်။ ဒီစကားတွေကို သူပြောဖို့ မရည်ရွယ်ခဲ့ဘူးဆိုတာ သူ့ထက် ဘယ်သူမှပိုသိမှာမဟုတ်ဘူး။ သူ့စကားက သူတို့ကို ပိုဝေးသွားစေလိမ့်မယ်။ ဟုတ်ပါတယ် သာမန်လယ်သမားတစ်ယောက်ဖြစ်တဲ့ လင်းဂျင်ရွှမ်ရဲ့ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ထဲကနေ လူသတ်သမားတစ်ဦးရဲ့ ပုံစံကရုန်းမထွက်လာသင့်ဘူး။ ရန်၏ တောင်းပန်သောအကြည့်များဖြင့် လင်းဂျင်ရွှမ် သည် ရန်၏ လက်များကို ဖယ်ထုတ်လိုက်ပြီး မတ်တပ်ထရပ်ကာ သတ်ဖြတ်လိုမှုများကို ဖုံးလွှမ်းထားသော အကြည့်များဖြင့် လှောင်ပြောင်သလို သူ့ကိုအထင်ကြီးစွာငုံ့ကြည့်လိုက်ပြီးနောက်

"ပထမအချက် ကလေးတွေက ငါ့ကလေးတွေ သူတို့က မင်းနဲ့ ဘာမှမဆိုင်ဘူး၊ ဒုတိယအချက် မင်းနဲ့ငါ့ကြားမှာ ချစ်ခြင်းမေတ္တာနဲ့ ထိတွေ့ဆက်ဆံမှုဆိုတာ မတော်တဆမှုတစ်ခုပဲ၊ တတိယအချက်က တော့ ငါ့သားတွေကို သူ့စိတ်ထဲထားဝံ့တဲ့သူကို ငါသတ်ပစ်ရဲတယ်။ မင်းဟာမင်း ဘယ်သူပဲဖြစ်ဖြစ် မင်းမှာ ဘယ်လိုမြင့်မားတဲ့အဆင့် အတန်းပဲရှိရှိ ငါဂရုမစိုက်ဘူး။ မင်းငါ့ကို ဒုက္ခပေးရင် မင်းကို စိတ်အသက်ရှင်ရတာ ပင်ပန်းသွားအောင် ငါလုပ်ပေး လိုက်မယ် ... မင်းဒဏ်ရာက ခုနစ်ရက်အတွင်း သက်သာသွားလိမ့်မယ် အဲ့အခါကျရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ ကြီးမြတ်တဲ့ ဗုဒ္ဓရေ"

( ကြီးမြတ်တဲ့ ဗုဒ္ဓ ကလေ ရန်ရှန်းလွေ့ရဲ့ ကြီးမြတ်တဲ့ အဆင့်အတန်းကို နှိုင်းပြီးရွဲ့ခေါ်တြ့သဘောပါ)

"လင်းဂျင်ရွှမ်က သူ့စကားပြီးအောင် လှည့်ကြည့်လိုက်တော့ ရန်ရှန်းလွေ့ကိုရှင်းပြဖို့ အခွင့်အရေးမပေးဘဲ တံခါးဖွင့်လိုက်တာနဲ့ ရန်ရှန်းလွေ့ရဲ့ နောင် တအပြည့်နဲ့ အသံကထွက်လာခဲ့တယ်

"တောင်းပန်ပါတယ် မင်းကို စော်ကားဖို့ မရည်ရွယ်ပါဘူး။ စေ့စပ်ပွဲ လုပ်သည်ဖြစ်စေ တစ်ညတာပျော်ရွှင်မှုပဲဖြစ်ဖြစ်၊ မင်းဘယ်တော့မှ မငြင်းနိုင်တဲ့ အရာတစ်ခုရှိတယ် သူတို့လည်း ငါ့သားတွေပါပဲ မင်းရဲ့သားတွေကို လုယက်ဖို့ ငါမရည်ရွယ်ပါဘူး ငါက အမှန်အတိုင်းပြောတာပါ ဂျင်ရွှမ်ကျေးဇူးပြုပြီး အတိတ်ကိုမေ့လိုက်ပါ ငါတို့ကြားက ဘာဖြစ်သွားခဲ့လဲငါမသိဘူး!! မင်းကို ဘာလို့ပစ်ထားခဲ့မိတာလဲ ?? မင်းကို ငါးနှစ်လောက်ဒုက္ခပေးခဲ့မိတယ်... ကိုယ်စိတ်မကောင်းပါဘူး ကိုယ့်ကို နောက်ထပ်အခွင့်အရေးတစ်ခုပေးဖို့ တောင်းပန်ပါတယ် ကိုယ် ဒီမှာပဲနေချင်တယ် ကိုယ်တို့ ကလေးတွေကို မင်းနဲ့အတူ ပြုစုစောင့်ရှောက်ပေးစေချင်တယ်...."

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now