Chapter 105

3.6K 451 7
                                    

☘️ Chapter 105
☘️ ရွှေ့ပြောင်းခဲ့ပြီးနောက် (၁)

Xiucai ရဲ့ ဒုတိယသား ခွဲထွက်သွားတဲ့သတင်းက ခြေထောက်တွေကြီးထွားလာသလိုပဲ မကြာခင်မှာပင်တစ်ရွာလုံးသိသွားကြပါ‌တော့သည်။ ဒီ့အတွက် အသက်ကြီးတဲ့ Xiucai က သွေးတွေရွှဲပြီး တစ်မိ သားစုလုံး ရှုပ်ယှက်ခတ်သွားခဲ့သည်။ လူအများအ ပြားသည် နောက်ကွယ်တွင်ကျေနပ်နေကြပြီး ထိုက် တန်သည်ဟုကျိန်ဆဲကြသည်။ နေ့စဉ် ဘ၀တွင် Xiucai ၏လက္ခဏာနှင့်အညီ ဖြေကြားခြင်းဖြင့် အဘိုးကြီးက အခြားသူများကို အမြဲတမ်းအနိုင်ကျင့်လေ့ရှိသည်။ ဒါကြောင့် အခုအချိန်မှာ လူတော် တော်များများက သူတို့ကိုရယ်မောနေခဲ့ကြသည်။

ဒါပေမယ့် ဒါက လင်းဂျင်ရွှမ်တို့မိသားစုနဲ့ ဘာမှမဆိုင်ပေ။ ပြောင်းရွှေ့လာပြီးနောက်တွင် နေထိုင်ရေးသည် အကြီးမားဆုံးပြဿနာဖြစ်လာခဲ့သည်။ လင်းဂျင်ရွှမ်၏ သက်ကယ်အိမ်မှာ အခန်းသုံးခန်းသာရှိသဖြင့် ဤလူအားလုံးအတွက် မလုံလောက်တော့ပေ။ နောက်ဆုံးတွင်ကျောက်ဒါလောင်က လင်းဂျင်ဟန် ၊ လင်းဂျင်ပန် နှင့် ပေါင်မုန့်လုံးသေးသေးလေးနှစ်လုံးကို ၎င်းတို့နေရာ၌ ဦးစွာနေထိုင်ခွင့်ပေးရန် စေတနာကောင်းထားပြီး‌ခေါ်ထားပေးခဲ့သည်။လင်း ဂျင်ရွှမ်နှင့် ရန်ရှန်းလွေ့တို့သည်အသုံးအဆောင်ခန်းတွင်နေထိုင်နိုင်ပြီး၊ အမျိုးသမီး၀မ်သည် ကိုယ်ဝန် ပျက်ကျပြီးနောက်တွင် အားနည်းနေသေးပြီး နွေးထွေးသောနေရာ၌ နေထိုင်ရန်လိုအပ်သောကြောင့် လင်းဂျင်ရွှမ်က သူ၏အခန်းကို သူ့အဖေနှင့်အမေထံထားခဲ့ပြီးဖြစ်သည်။

"ဂျင်ရွှမ် တောင်းပန်ပါတယ်၊ ငါတို့က မင်းအတွက်ဝန်ထုပ်၀န်ပိုးဖြစ်နေပြီ"

အားလုံးပြေလည်သွားပြီးနောက် နေ့ခင်းဘက်ရောက်နေခဲ့ပြီ။ ကုတင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသမီး၀မ်က အားလျော့စွာပြောလိုက်သည်။  သူမ၏မျက်နှာသည် ကြောက်စရာကောင်းသည့်ပုံပေါက်နေသေးပြီး သူမ၏အသံသည်ခြင်ဟစ်အော်သံကဲ့သို့ တိုးနေသော်လည်း နှစ်ပေါင်းများစွာဖိနှိပ်ခံခဲ့ရပြီးနောက် လွတ်မြောက်လာမှုကြောင့် ရွှင်လန်းသောခံစားမှုနှင့်ရောနှောနေပါသည်။ ကလေးကို ဆုံးရှုံးလိုက်ရသော်လည်း နောက်ဆုံးတွင် ၎င်းတို့ သည် အပြင်သို့ပြောင်းရွေ့နိုင်ခဲ့ပြီး အခြားသူများ ၏မျက်နှာကိုကြည့်ရန်မလိုအပ်တော့သလို (သို့) အနိုင်ကျင့်ခံစရာမလိုအပ်တော့ပေ။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now