Chapter 132

2.7K 378 1
                                    

Chapter 132
ချူစီအား ၎င်းတို့၏ သီးသန့်ဆရာအဖြစ်ရယူခြင်း၊
စစ်မှန်တဲ့အရောင် (1)

ကျောက်နဲ့ဟန် ဇနီးမောင်နှံနှင့် ကလေးများသည် ဆရာကိုတွေ့ရတော့မည်ကို ကြောက်ရွံ့နေကြသဖြင့် ဆရာအဖြစ်သင်ကြားပေးမည့် ချူစီနှင့် သူ၏သား ချူရန်တို့သည်လည်း စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့ကြသည်။ သူတို့ဘဝဟာ တော်ဝင်မြို့တော်မှာ ရှိစဉ်ကနဲ့ မယှဉ်နိုင်ပေမယ့် အဲဒီကနေထွက်လာပြီး နှစ်နှစ်အကြာမှာ အပျော်ဆုံးပါပဲ။ တစ်သက်လုံး ဒီလိုမျိုး တိတ်တိတ်ဆိတ်ဆိတ်နေရမယ်လို့ ထင်ခဲ့ကြပေမယ့် မထင်မှတ်ပဲ မှတ်ဉာဏ်တွေဆုံးရှုံးသွားခဲ့တဲ့ ရန်ရှန်းလွေ့နဲ့ ဆုံခဲ့ပြီး မေ့သွားခဲ့တဲ့ အတိတ်တွေကို ပြန်သတိရလာကာ လက်တွေ့ဘဝနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဝါးးးး ~

"သခင်ကြီးရွှမ် ကျွန်တော်တို့ ရောက်ပြီ"

အပြင်ဘက်တွင် ရထားသံများ ရပ်တန့်သွားသည် နှင့်အမျှ ၎င်းတို့ကို စောင့်နေသည့် တံခါးကိုအထူးပိတ်ထားသော ချူစီနှင့် သူ့သားတို့သည် တောင့်ညတင်းသွားခဲ့ကြသည်။ နောက်ဆုံးတွင် ရန်ရှန်းလွေ့ သည် သူ့သားများနှင့် အတူလာခဲ့သည်။

ဒေါက် ဒေါက် ~

ထို့နောက် တံခါးခေါက်သံကြားလိုက်ရသည်။ချူရန် သည် တုန်လှုပ်သွားကာ စိတ်တွေဝေဝါးနေသော ချူစီကိုနိုးကြားစေသည်။ သူ့သားလေးကို ကြည့်ပြီး စိတ်ရှုပ်နေတဲ့ ခေါင်းထဲကအတွေးတွေကို ဖယ်ထုတ်ဖို့ကြိုးစားလိုက်တယ်။ သားဖြစ်သူကို ပြုံးပြီး တံတောင်ဆစ်နဲ့ တို့ကာ

“တံခါးကို သွားဖြေလိုက်။ ရှန်းလွေ့က သူ့မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ပြီ။ ငါတို့ အဆင်ပြေတယ်  ငါတို့ အေးအေးဆေးဆေးနေပြရမယ်။"

“အမ်းး”

သူ့နှစ်သိမ့်မှုအောက်တွင် ချူရန်လည်း ဖြည်းဖြည်းချင်းငြိမ်သက်သွားပြီး ခေါင်းညိတ်ပြကာ တံခါးကို ဖြေသွားကာ မကြာမီတွင် လင်းဂျင်ရွှမ်သည် လက်တစ်ဖက်စီတွင် ပေါင်မုန့်နှစ်လုံးကိုတွဲကာ ချူရန်၏ နောက်မှလိုက်လာကာ ကျောက်နှင့်ဟန်စုံတွဲသည် အနောက်မှ နီးကပ်စွာလိုက်ပါလာခဲ့သည်။ ဆုန်းချွေ့ရှန်းက သူ့လက်ထဲမှာ ပစ္စည်းတွေနဲ့ဖြစ်နေပြီး ရှက်တတ်တဲ့ ဆုန်းရှောင်ဟူက သူရဲ့နောက်မှာရှိနေခဲ့တယ်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now