☘️ Chapter 4

7.5K 930 3
                                    


☘️ Chapter 4
☘️ Beating up the Shrew & Education The Two Buns (1)

ပန်းကန်လုံးထဲက အနှစ်ခဲများအား ရေဖြင်ရောကာကျဲသွားစေလိုက်ရသည်။ လင်းဂျင်ရွှမ်သည် ဘာကိုမှမပင်ထိရသေးသလို သူရဲ့တူ‌တွေကိုပင်မကိုင်ရသေးချေ။ ဒီတစ်နပ်က ဖေဖေနဲ့ သားနှစ် ယောက်အတွက် ညစာဖြစ်တယ်။ မဟုတ်သေးဘူး၊ မနက်စာလို့ခေါ်ရမယ်။ ရှေးခေတ်မှာဆင်းရဲတဲ့မိသားစုတွေက များသောအားဖြင့် တစ်ရက်ကိုထမင်းနှစ်နပ်ပဲစားကြရတယ်။ ပေါင်မုန့်လုံးလေးတွေရဲ့ပုံစံအရတော့ ဒီနေ့တစ်နေ့လုံးဘာမှမစားရသေးဘူး။ မဟုတ်ရင် နေ့လည်ခင်းမှာ ညစာစားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူ့ ပန်းကန်ထဲကအာ လူးအစိတ်အနည်းငယ်ကို ငုံ့ကြည့်ပြီး အရသာရှိရှိစားနေတဲ့ ပေါင်မုန့်လုံးလေးတွေကိုကြည့်မိလိုက်ပြီးတော့ လင်းဂျင်ရွှမ်စိတ်မကောင်းဖြစ်ပြီး သူ့စိတ်ထဲလည်း တစ်မျိုးတစ်မည်ခံစားလိုက်ရတယ်။ သူထဲက ဟင်းတစ်ချို့ကို ပေါင်မုန့်လုံးလေးရဲ့ပန်းကန်လုံးထဲကိုထည့်‌ပေးလိုက်တယ်။

"ကျေးဇူးပါ ဖေဖေ ဒါက အရမ်းအရသာရှိတယ်"

လင်းဝူရဲ့ပျော်ရွှင်‌နေတဲ့ မျက်လုံးများကကျဉ်း မြောင်းသွားပြီး ကန်စွန်းဥတစ်ခြမ်းလောက်ဖြင့် လခြမ်း‌ကွေးလေးဖြစ်သွားရတယ်။

"ရော့ ရှောင်၀မ်... "

"ဖေဖေ၊ သား ဗိုက်ပြည့်နေပြီ ဖေဖေ စားရမယ်။ အဖွားက သားတို့ အာဟာရပိုရဖို့ အသားမတတ်နိုင်ပေမယ့် သားတို့အနေနဲ့ဖြည့်စွက်စာစားပေးရမယ်တဲ့"

လင်းဂျင်ရွှမ်ရဲ့တူက လင်း၀မ်ရဲ့ ပန်းကန်ထဲကို ထည့်ပေးရန်လုပ်တဲ့အခါ၊ ပေါင်မုန့်လုံးကြီးက သူ့ပန်းကန်ကိုလက်နှင့်အုပ်ပြီး အဝေးသို့ပုန်းအောင်းကာ ဓားပုံသဏ္ဍာန်မျက်ခုံးမွှေးများကို ထိစပ်လုနီး ပါးကြုံ့ထားခဲ့သည်။ ထို့အတွက် သူခံစားသွားရပြီးနှင့် Depression ၀င်သွားခဲ့ရသည်။ ပေါင်မုန့်လုံးကြီးက ပိုရင့်ကျက်ပြီး အသိဥာဏ်ရှိလေလေ၊ သူ့အတွက် ပိုကြောက်စရာကောင်းလေလေပါပဲ။အရသာရှိတဲ့အသားတွေ ကျွေးမွေးဖို့ကို သူ မစောင့်နိုင်တော့ဘူး။ သို့သော် ယခုအချိန်တွင် မိသားစုသည် လွန်စွာမှဆင်းရဲတွင်းနက်နေပြီဖြစ်လေရာ သေသေချာချာအစီစဉ်မဆွဲထားဘူးဆိုရင် ဒီမည်းနက်နေတဲ့ဟင်းပွဲက သူတို့ရဲ့နေ့စဉ်အဓိကအစားအစာဖြစ်လာပြီး အသင့်တော်ဆုံးအစားအစာဖြစ်လာလိမ့်မယ်ထင်တယ်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now