☘️ Chapter 145

2.8K 353 11
                                    

☘️Chapter 145
☘️They Were Lover ? Then I Got To See Him For Sure! (2)

"ဟီးဟီး... အစ်ကိုကျန့်"

တံခါးကို တွန်းဖွင့်ပြီး ဝင်လာတာကို မြင်လိုက်ရတော့ ပြတင်းပေါက်နားမှာရပ်နေတဲ့ လင်းဂျင်ရွှမ်ကလမ်းတွေပေါ်က မြင်ကွင်းတွေကို ငြီးငွေ့စရာကောင်းလောက်အောင်ပြုံးပြီးရှေ့ကိုတိုးသွားတယ်။ သူ၏သိမ်မွေ့သော အကဲခတ်မှုဖြင့် သူ၏မူမမှန်မှုကိုသတိပြုမိသည်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဒီလောက်မနီးစပ်တဲ့အတွက် စူးစမ်းဖို့မရည်ရွယ်ချေ။ ဒါပေမယ့် သူတို့လောက်နီးစပ်တယ်ဆိုရင်တောင် သူ့ကိုပြောဖို့အစပျိုးနေတာဖြစ်တဲ့အတွက် သူ့ဘက်ကစမေးမှာ မဟုတ်ပါဘူး။

"ညီလေးလင်း မင်းကိုစောင့်နေစေမိပြီ တောင်း ပန်ပါတယ်"

သူ့ဘေးမှာထိုင်နေတဲ့ ဆိုင်ရှင်ကျန့်ကတော့ အနည်း ငယ်စိတ်မသက်မသာဖြစ်နေတုန်းပါပဲ။ဒါက သူဌေးရဲ့ကြီးမားတဲ့ထိုးနှက်ချက်ပင်။

သူသည် ခပ်ခွာခွာနေနေသည်ကို မြင်လိုက်ရသဖြင့် လင်းဂျင်ရွှမ်က သူ့ကိုမတိုက်တွန်းဘဲ ရေနွေးပူပူလေးတစ်ခွက်စီငှဲ့ပေးလိုက်သည်။ သူသည် သူ့ကိုယ်သူယူ၍ ပေါ့ပေါ့ပါးပါး သောက်သုံးပြီးနောက်တွင်မူ အအေးမိနေသော ရန်ရှန်းလွေ့ ဆေးသောက်ပြီး ကောင်းကောင်းရောအနားယူပါ့မလားဟုတွေးတော ကာ ထိုအကြောင်းကသူ့ခေါင်းထဲတွင်ရှိနေခဲ့သည်။  သူတကယ်နားမလည်ခဲ့ပါ။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက သူ့ထက်အများကြီး ပိုကောင်းနေပုံပါပဲ။ ပြီးတော့ သူတို့နှစ်ယောက်လုံးရေထဲမှာ အတူကစားကြတယ်။ သူကဘာလို့ အအေးမိရတာလဲ ? သူ့ယောက်ျားက သန်မာတယ်ထင်ရပေမယ့်… အတွင်းထဲမှာ ဗလာဖြစ်နေတာများလား ??

ဒါကိုတွေးရင်း လင်းဂျင်ရွှမ်က သူ့ဘာသူရယ် မောလိုက်သည်။ သူဘာတွေတွေးနေလဲဆိုတာသာ သူသိရင်ကြုံရာနေရာ ချက်ချင်းရှာပြီး သူနဲ့အိပ်ပစ်မလားပဲ ? သူသာဆိုရင်.. သူသေချာပေါက်လုပ်မှာဘဲ!

"အင်း... အရေးကြီးတဲ့ဟာကို မေ့သွားပြီ ညီလေး‌ လင်း ပြီးရင် မင်း လုပ်စရာရှိသေးလား ?"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now