Chapter 44 ဦးခေါင်းရောင်ရမ်းပလိပ်ရောဂါ ၊ ကူညီရန်လက် တစ်ဖက်ငှားပေးခြင်း (1)

4.6K 653 3
                                    

Chapter 44
ဦးခေါင်းရောင်ရမ်းပလိပ်ရောဂါ ၊ ကူညီရန်လက် တစ်ဖက်ငှားပေးခြင်း (1)

"ငါ့သား အစက အကုန်အကောင်းပဲ နင့်ဆီပို့လိုက်ပြီး‌နောက် ပိုထူးဆန်းလာတယ် ပိုဆိုးလာတယ် နင်အမှိုက်လိုကောင် နင်ဒီနေ့ ငါ့သားကို မကုပေးရင် နင့်ကို နင့်ဆိုင်ရှေ့မှာ သတ်ပစ်မယ် "

" အားလုံးပဲ လာကြည့်ကြပါ ! ကျွန်မ သားလေး လွန်ခဲ့ရက်က အအေးမိပြီးဖျားလို့ ဒီမှာကုသမှုခံယူဖို့လွှတ်လိုက်တာ ဘယ်သူသိမှာလဲ ငါ့သားရဲ့ ရောဂါက မကောင်းလာပဲ ပိုပိုဆိုးလာတယ်ဆိုတာ ?? Boohoo~~~ ငါ့သားလေး......"

" လူကြီးမင်း ၊ သခင်မ ကျွန်တော်တို့အထဲကိုဝင်ပြီး စကားပြောကြမလား ..?? ခင်ဗျားရဲ့သားက အအေး မိနေခဲ့တာ ဒါကြောင့် ကျွန်တော်ဆီက သမားတော်ကလည်း သူ့အတွက်ဆေးတစ်ခွက်စာပေးခဲ့တယ် "

"နင် ဦးနှောက်မရှိတဲ့ အမှိုက်သရိုက်လိုကောင် နင်တို့အခုထိ ကိုကိုယ်ကာကွယ်‌နေကြတုန်းပဲလား !! ငါ နင့်ဆိုင်ကို ဖျက်စီးပစ်မယ် ! "

ဒါတုန်မြို့မှာ ဆေးဆိုင်နှစ်ဆိုင်ရှိတယ် လင်းဂျင်ရွှမ်သည် ငါးဈေးမှ ပင်းအန်ခန်းမနှင့် မဝေးသောနေရာကို ရွေးချယ်ခဲ့သည်။ သားအဖနှစ်ယောက်အနားရောက်လာတော့ လူတွေနဲ့စည်ကားနေပြီဆိုတာတွေ့လိုက်ရတယ်၊ ရံဖန်ရံခါ ငိုယိုကျိန်ဆဲတဲ့အသံကိုကြားတော့ လင်းဂျင်ရွှမ်ကသူ့ဓားပုံသဏ္ဍာန် မျက်ခုံး မွှေးက မျက်မှောင်ကြုံ့သွားပြီး ခေါင်းငုံ့ကာချွေးတွေနဲ့ နီနေတဲ့မျက်နှာလေးတွေကိုကြည့်ပြီး၊ တခြားဆေးဆိုင်ကို ခေါ်သွားသင့်လားလို့ တွေးနေပေမယ့် မြို့ရဲ့တစ်ဖက်ခြမ်းမှာတော့ ဈေးထဲမှာလျှောက်လည်နေတာကြာခဲ့ပြီမို့ ပေါင်မုန့်နှစ်လုံး မပြောနဲ့ သူသည်လည်း ပင်ပန်းပြီး ဗိုက်ဆာနေပြီဖြစ်သည်။

"ဖေဖေ သူတို့ ဘာလုပ်နေကြတာလဲ ?? "

ပေါင်သေးသေးလေးက သူ့လက်ကိုဆွဲကာ မျက်လုံးမှိတ်ပြီး စပ်စုကာ မေးလိုက်သည်။ 

"မင်းလေးက ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ ?? "

အောက်ခြေက တွေးရင် ဒါဟာ ဆေးဘက်ဆိုင်ရာ မတော်တဆမှု ဖြစ်သင့်တယ်ဆိုတာ သိပါလိမ့်မယ်။  လင်းဂျင်ရွှမ်က စိတ်မဝင်စားသလို မုန့်တွေကိုရော နှောခြင်းကိုလည်း ခွင့်မပြုဘဲ ဆေးအမြန်ဝယ်ပြီး လင်းဂျင်ပန်နဲ့ လိုက်သွားချင်ရုံပါပဲ။ ပေါင်မုန့်လုံးလေးကနုတ်ခမ်းစူပြီး ခေါင်းကိုမကျေမနပ်နဲ့ ငုံ့လိုက်တယ် သူ့ကိုဘာလို့ ဆူနေရပြန်တာလဲ ??

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now