Chapter 119

3K 456 0
                                    

☘️ Chapter 119
☘️အိမ်ကြီးဆောက်ရန် လူများငှားရမ်းခြင်း (၁)

"မင်း စီးပွားရေးမလုပ်ဘူးလား"

ထိုနေရာတွင် အေးခဲနေသော သူ့ကိုမြင်လိုက်ရတော့ လင်းဂျင်ရွှမ်က အေးစက်စက် သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ တရားသူကြီးကို သွားတွေ့ချင်ပေမယ့် အခုမဟုတ်သေးဘူး။ သူ့ရဲ့ဆေးပညာကျွမ်းကျင်မှု အကြောင်းကို လူတော်တော်များများကို သိစေချင်တာမဟုတ်ပေ။ လူတွေကို ကယ်တင်ဖို့အသနားခံပြီး အနှောက်အယှက်ခံမယ့်အစား အနှောက်အ ယှက်ကင်းတဲ့အလုပ်များတဲ့ဘဝမှာပဲ‌နေချင်သည်။

"အမ် ? ဟုတ်သား..."

သူ့သဘောပေါက်လာသောအခါ ဆိုင်ရှင်သည်သူ့ ခေါင်းထဲ ရှုပ်ထွေးနေသောစိတ်ကို အမြန်ရှင်းပြီး လည်ချောင်းရှင်းကာပြုံးလျက်

"သခင်...အဟမ်း... ဘာဆေးလိုချင်လို့လဲ"

ပထမတော့ သူကဆရာဝန်ပြချင်တာလား ဆေးသောက်မလား မေးချင်ပေမယ့် ပလိပ်ရောဂါကိုတောင် ဆေးပေးနိုင်တယ်လို့ထင်တဲ့အတွက် ဆိုင် ရှင်က သူ့မေးခွန်းကိုပြတ်ပြတ်သားသားနဲ့တင်း တင်းကြပ်ကြပ်ပြောင်းလိုက်သည်။ သူ့ရဲ့ဆေးဘက် ဆိုင်ရာကျွမ်းကျင်မှုတွေက အများကြီးမြင့်မားလာပါလိမ့်မည်။ သူ့အတွက်ရောဂါရှာဖွေရန် သူမည်ကဲ့သို့လိုအပ်နိုင်မည်နည်း။

"မင်းမှာ donkey - hide gelatin ရှိလား ? (donkey - hide gelatin ဘာသာပြန်ရင် မြင်းအရေပြားအရိုးကျိုချက်ရာမှရသည့်‌စေးပျစ်သည့်အရည်လို့ထွက်တယ် Eng လိုပဲရေးလိုက်ပါတယ် တရုတ်တိုင်းရင်းဆေးတစ်မျိုးပဲ အလှအပအတွက်လည်းကောင်းတယ် တော်တော်များများအသုံး၀င်တယ်)၊ လေးညှင်းပွင့်၊ အကွန်နိုက် ၊ ထုံး ၊ ငရုတ် ကောင်း ၊ လိပ်အရိုး ၊ သမင်ချို ၊ ရွှေခွေးကျောက် ကပ် တစ်လုံးနဲ့ နှစ်ဆယ့်ငါးဂရမ် မြွေပွေး၊ ခရမ်း ရောင်အပွင့်၊ ဒေါ့ဒါ ၊ ငါးဂရမ်၊ ကမာရွတ်နှစ်ဂရမ်.."

သူ့ပါးစပ်မှ ဆေးအမည်များ အစီအရီထွက်ပေါ်လာသောကြောင့် ဆိုင်ရှိလူတိုင်း မေးရိုးများပြုတ်ကျသွားသည်။ ခဏကြာတော့ ဆိုင်ရှင်ကချွေးအေး အေးနဲ့ပြောလာသည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now