Chapter 124

3.6K 458 4
                                    

☘️ Chapter 124
☘️သူများမယားခိုးယူပေါင်းသင်းသူ? ဘယ်မှာလဲ? (၂)

လင်း၀မ်သည် မည်းမှောင်နေသော မျက်နှာထားဖြင့် လူလတ်ပိုင်း အမျိုးသမီးကို လက်ညှိုးထိုးပြပြီး ကြိမ်ဖန်များစွာပြောခဲ့သည်ကို နားမထောင်ဘဲ သူ့ဖေဖေ့အား လက်ထပ်ရန်အတင်းအကြပ်တောင်းဆိုခဲ့သည်။ ပြီးတော့ သူတို့က သူတို့အတွက် ကောင်းမယ့် အဖေသစ်ကို ရှာပေးခဲ့တာလို့လည်းပြောကြသည်။ တကယ်ကြီးလား? သူတို့မှာအဖေရှိပြီးသားလေသူတို့ကဘာကြောင့် အသစ်တစ်ယောက်လိုအပ် ရမှာလဲ ??

"ဖေဖေ သားလည်း သူတို့ကို မကြိုက်ဘူး အဖွားနဲ့ ရန်ဖြစ်ပြီးတော့ အဖွားတောင် ငိုနေပြီ..."

လင်းဝူက ဆူပုတ်ပြီး ညည်းညူလိုက်သည်။ အဆိုးဆုံးကတော့ ဖခင်အသစ်က သူ့တို့ကိုဆုံးမပဲ့ပြင်‌ပေး မည်ဟုပြောခဲ့တာပင်။ သူ့အဖေတောင် ဒီလိုမလုပ်ဖူးဘူး၊ သူတို့က ဘယ်သူမို့လို့လဲ ?

"တကယ်လား? ဒါဆို လျစ်လျူရှုလို့မရတော့ဘူးပဲ"

သူ့မျက်ခုံးကို ကောက်ကိုင်လိုက်ရင်း လင်းဂျင်ရွှမ် ကသူတို့ခေါင်းကိုထိလိုက်ကာ မတ်တပ်ထရပ်လိုက်ပြီး မျက်နှာပေါ်ရှိ နူးညံ့သိမ်မွေ့မှုက ချက်ချင်းဆိုသလိုပျောက်ကွယ်သွားခဲ့သည်။ လှပသောမျက် လုံးတစ်စုံက ထိုအိုးလေများနှင့် အိုးကြီးများကိုကြည့်ပြီးသောအခါ အေးစက်သောအပြုံးသည် ပါးစပ်ထောင့်တွင်ပွင့်အာနေခဲ့သည်။ အဲဒါတွေက တင်တောင်းဖို့ လက်ဆောင်တွေလား။ ဒီအမှိုက်တွေနဲ့ တင်တောင်းဖို့ ကြိုးစားနေကြတာလား။

"မင်း...ဖောက်ပြန်တဲ့သူတွေ..."

ထိုနေရာတွင် အကြာကြီး အေးခဲနေသော လူလတ်ပိုင်း အမျိုးသမီးသည် တုန်ရီသောလက်ညှိုးဖြင့် သူတို့အား ညွှန်ပြရာ သူမ၏ စကားများက ရန်ရှန်းလွေ့အားလုံးလုံးဒေါသထွက်သွားစေသည်။ မိန်းမသာမဟုတ်ရင် သူ့မျက်နှာကိုပါးရိုက်ပြီးနှင့်နေပြီ။

"ငါ့မှာ ယောင်္ကျားမှမရှိတာ ငါက ဘယ်လိုလုပ်ပြီး အိမ်ထောင်ရေးဖောက်ပြန်တဲ့သူဖြစ်ရမှာလဲ"

သူမ ကြောက်လန့်တကြားနဲ့ တစ်ကိုယ်လုံးတုန်လှုပ်နေပြီး သူ့ကို မတော်မတရား အော်ဟစ်ရဲသေးရဲ့လား ? လင်းဂျင်ရွှမ်သည် သူတို့ကို သင်ခန်းစာတစ်ခုပေးရန်ပင်စိတ်ဓာတ်ကျသွားသည်။ သူသည်လင်းဝူနှင့် လင်ဝမ်ကိုသယ်ဆောင်ရန် ငုံ့ကြည့်လိုက်သည်။ သူ မသွားခင်မှာ သူကရန်ရှန်းလွေ့ကိုတိုးတိုး လေးပြောလိုက်သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now