☘️ Chapter 150

2.2K 296 0
                                    

☘️ Chapter 150
☘️ The Thing Ling Jingxuan Care About (2)

"အဲဒီ‌‌သူ‌ကောင်းပြုခံထားရတဲ့အရာရှိတွေအပါ တော်၀င်မိသားစုကိုမပြောနဲ့ ဝိုင်က အမျိုးသမီးတွေအတွက် အသားအရေအကောင်းဆုံးရဲ့အာဟာရဖြစ်ပြီးတော့ တော်ဝင်မိသားစုရဲ့အမျိုးသမီး‌တွေရဲ့ချို့တဲ့မှုပဲ။ ရှောင်ချင်ရဲ့စွမ်းရည်နဲ့ဆို အဲ့ဝိုင်တွေကိုတော်ဝင်မိသားစုကို ရောင်းချဖို့ကပိုင်မုန့်လိုလွယ်ကူတယ်"


သူ့အတွေးတွေကိုမြင်နေရသလိုပဲ ချူစီက ပေါ့ပေါ့ ပါးပါးပြောလာခဲ့တယ်။

"မင်းမျိုးမင်းနွယ်တွေရဲ့အထက်တန်းစားဘဝက သာမန်လူတွေရဲ့စိတ်ကူးကိုကျော်လွန်နေတာပဲ။ တခါတလေ သူတို့ရဲ့နေ့စဉ်အသုံးစရိတ်ကသည် သာမန်လူတွေကို ကောင်းမွန်တဲ့အစားအသောက်တွေ တစ်သက်လုံးစားနိုင်ရလောက်အောင်လုံ လောက်တယ်"

"အင်း၊ သူတို့ရဲ့ သုံးစွဲနိုင်မှုကို ငါ တကယ်လျော့ တွက်ခဲ့မိတယ်။ ဒါပေမယ့် အရေးမကြီးပါဘူး ငါ့မှာလုံလောက်တဲ့ဝင်ငွေရှိတယ်။ ချူစီ ငါ မင်းကိုမေးစရာရှိတယ်"

ကူကယ်ရာမဲ့ခေါင်းယမ်းရင်း လင်းဂျင်ရွှမ်ကထပြီး ကောင်တာပေါ်လှဲချလိုက်ကာ စိတ်ဝင်တစားကြီးစွာသောမျက်လုံးတစ်စုံဖြင့် သူ့ကို ကြည့်လိုက်သည်။ ချူစီက မျက်ခုံးပင့်လိုက်ပြီး သူ့နဖူးကိုတွန်းထုတ်ဖို့ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး

"ဒီတိုင်းပဲ ပြောလိုက်။ ဗိုက်ဆာတဲ့ဝံပုလွေပုံစံကို ပြမနေနဲ့။ တခြားမသိတဲ့သူတွေက မင်း ငါ့အပေါ်ခံစားချက်တွေရှိတယ်လို့ ထင်ကောင်းထင်နေနိုင်တယ်။"

သူတို့ဆက်ဆံရေးမှာ ဟာသလုပ်တာပြဿနာမဟုတ်ပေမယ့် ဒီလောက်ပါပဲ။

"မင်း စကားကအံ့ဩစရာပဲ! ငါ့ ရှန်းလွေ့က မင်းထက်အများကြီးပိုချောတယ်။ ကောင်းပါပြီ အဲ့တာကဘာလဲဆိုတော့ ဆိုင်ရှင်ကျန့်ဆီကနေ တော်ဝင်မြို့တော်ကလူတွေ‌က ရှန်းလွေ့နဲ့ ဇန်ရှောင်ချင်ကို ချစ်သူတွေလို့ ပြောကြတာကိုကြားလိုက်ရတယ်။ ဘာတွေဖြစ်နေတာလဲ ?"

ဟုတ်တယ်၊ အဲဒါပဲ! ရှင်းအောင်မပြောနိုင်ရင် လုံး၀ အဆင်မပြေဖြစ်မှာပါ။ ဇန်ရှောင်ချင်ကိုသူမြင်လိုက် သည်နှင့် တစ်စက္ကန့်နီးပါးလောက်တွင် သူတို့ သည် ချစ်သူများဖြစ်မည်မဟုတ်ကြောင်း သူသေချာသိသော်လည်း သူကိုယ်တိုင်ကထင်မိသည်က တစ်ချက်၊ အမှန်တရားသည် အခြားတစ်ခုဖြစ်သည်။ သူသည် မနာလိုတတ်သူဖြစ်ရာ သူ့ယောက်ျားက တခြားတစ်ယောက်နဲ့ အရှုပ်အရှင်းရှိနေတာကို သူမကြိုက်ဘူး။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now