Chapter 35 ကျောက် နဲ့ ဟန် (ခင်ပွန်းနှင့်ခင်ပွန်း) ၊ ငွေရှာဖို့အစီအစဉ် (၁)

5.4K 710 10
                                    

Chapter 35
ကျောက် နဲ့ ဟန်  (ခင်ပွန်းနှင့်ခင်ပွန်း) ၊ ငွေရှာဖို့အစီအစဉ် (၁)

"မင်းမြင်လား..အဲဒါသူပေါ့ ယောင်္ကျားကြီးတစ်ယောက်က ကလေးမွေးတာတဲ့ အရှက်ရစရာပဲ..."

"ဟုတ်တယ် မကောင်းဆိုးဝါး မဟုတ်ဘူးလို့ပြောရင် တောင် ဘယ်သူမှယုံမှာမဟုတ်ဘူး"

"သူက အရူးလား ၊  အခု သူနဲ့ တူတာမဟုတ်ဘူး "

" အိုး မင်းမသိဘူးပဲ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူရုတ်တရက် သတိပြန်ရလာပြီး ဒါ၀မ်နဲ့ သူ့ မိသားစုကိုတောင် ရိုက်နှက်ခဲ့သေးတယ်၊ အခုဒါ၀မ်ရဲ့ အဖေကအိပ်ရာထဲက ပြန်မကောင်းသေးဘူး “

"တကယ်လား ရွာလူကြီးက ဘာပြောလဲ”

“ဘာပြောမလဲ ခရိုင်ကိုသွား တရားစွဲမယ်လို့ ခြိမ်းခြောက်ပြီး ရွာအိမ်မှူးနဲ့ ဘိုးဘွားတွေက ခရိုင်ကို မျက်နှာမလွှဲချင်ဘူး ဆိုတော့…”

နေရာတိုင်းမှာ လူများနေပေမယ့်၊ အတင်းပြောတြ့သူတွေရှိတယ်။ ရွာကို ဖြတ်သွားတဲ့အခါ အရင်က လူတွေက လက်ညိုးထိုးပြပြီး ရေရွတ်ကြပေမယ့် အခုတော့ မီးရောင်အထက်မှာ တိုက်ရိုက်ပြောနေကြတော့မကြားဝံ့မနာသာတွေဖြစ်ကုန်ကြတယ်။ ယခင်  လင်းဂျင်ရွှမ်သာဆိုလျှင် သူသည်ရှက်လွန်းသော ကြောင့် အိမ်သို့ပြန်ပြေးပြီး ဘယ်တော့မှထွက်နိုင်မည်မဟုတ်တော့ပေ။ ဒါပေမယ့်လက်ရှိ လင်းဂျင်ရွှမ်... သူ့၏ အမူအရာကို မြင်လိုက်ရရင် အဲ့မြင်လိုက်တဲ့တစ်ယောက်က သိသွားလိမ့်မယ်၊ သူက သူတို့ရဲ့ ပုတ်ခတ်စော်ကားတဲ့ စကားတွေကို လုံးလုံးလျား လျား စိတ်မ၀င်စားခဲ့ဘူးဆိုတာ...

"ကော ၊ သူတို့ရဲ့ ရိုင်းစိုင်းတဲ့ စကားတွေကို နားမထောင်နဲ့ ၊ မင်းက မကောင်းဆိုးဝါးမဟုတ်ဘူး "

လင်းဂျင်ပန်က လှည်းလက်တန်းကို ချလိုက်ပြီး သူ့အစ်ကိုကြီး အခွံထဲကို ထပ်၀င်သွားမှာကို ကြောက်သဖြင့် နှစ်သိမ့်တဲ့အနေဖြင့်ပြောလိုက်ပါတယ်။ 

" ဟီးဟီး ငါသာ မကောင်းဆိုးဝါးတစ်ကောင်သာဆိုရင် ဒီညငါ သူတို့ရဲ့အိမ်တွေကို တစ်အိမ်ပြီးတစ်အိမ်သွားလည်လို့ရတယ် "

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now