Chapter 122

2.9K 412 0
                                    

☘️ Chapter 122
☘️ အိမ်ကြီးဆောက်ရန် လူများငှားရမ်းခြင်း (၄)

ဘဏ်ငွေစက္ကူလက်ခံမည့်သူတိုင်းကိုယ်စားစန်းပန်ကသူ့ရင်ဘတ်ကိုလက်ဖြင့်ပုတ်ကာ အခြားသူများအားလုံးကလလည်း အလိုလိုခေါင်းညိတ်ကြသည်။

"ဒါဆို မနက်ဖြန်မှ တွေ့မယ်"

"နောက်မှတွေ့မယ် !"

သူတို့ကိုမြင်ပြီးနောက်၊ အဲဒီမှာနေနေတဲ့လင်းဂျင်ပန်ကမေးရိုးတွေကျလာပြီး ပထမဦးဆုံး

"ကော မင်းဘာလို့ ဒီလိုအိမ်ကြီးကြီးကို ဆောက်တာလဲ။ မင်းဘယ်တုန်းက ဆွဲလိုက်တာလဲ"

ပန်းချီကားပေါ်တွင် အရမ်းလှပသော အဆောက်အ ဦးများကြောင့်သာမက သူ၏ကြီးမားသော အစီအ စဥ်ကြောင့် ၎င်းကိုမြင်လိုက်ရသောအခါ သူမည်မျှထိတ်လန့်သွားသည်ကို ကောင်းကင်ကသာသိလိမ့်မည်။ သူ့အစ်ကိုက အနည်းဆုံး သုံးကိုက်လောက်ရှိတဲ့ အိမ်ကြီးတစ်လုံးဆောက်မယ်၊ ရေကန်တူးပြီး ကျန်တဲ့မြေပေါ်မှာ သီးပင်စားပင်တွေ စိုက်မယ်လို့ တွေးထားပေမယ့်...အလုပ်သမားတွေအတွက်က ငွေငါးရာလောက်ကုန်မယ်! ဒီတစ်ခုလုံး ပြီးဖို့ ဘယ် လောက်တောင်ကုန်ကျလိုက်မလဲ ??

မဟုတ်ဘူး၊ သူစဉ်းစားလို့မရဘူး။ တွေးကြည့်ရုံဖြင့် သူ့နှလုံးသား နာကျင်လာသည်။ ဒီအခိုက်အတန့်မှာ သူ့တူလေးရဲ့တွန့်တိုတတ်တဲ့ခံစားချက်ကို သူနောက်ဆုံးမှာ နားလည်သွားတယ်။ သူ့အစ်ကိုကြီးက ဘယ်လိုဘဝမျိုးနဲ့ ရှင်သန်ရမလဲဆိုတာမသိခဲ့ဘူး။ များမကြာမီ ယခုကဲ့သို့ ငွေများကို မည်သူက ဖြုန်းတီးမည်နည်း။ ရှောင်၀မ်က သူ့ကို အမြဲတမ်းငြီးတွားနေခဲ့တာ အံ့သြစရာမရှိဘူးပဲ။

"ဟားဟား၊ အိမ်ကြီးတစ်လုံးမှာ အားသာချက်ရှိတယ်။ အနာဂတ်မှာ မင်းနဲ့ ဂျင်ဟန်ကလက်ထပ်ဖို့ လိုနေသေးတယ်။ ပြီးတော့ ကလေးတွေကော ကလေးတွေ ကြီးလာရင် တစ်ယောက်တည်း အိပ်ရမယ်လေ။ အဲဒီအခါကျက အခန်းတွေ မလုံလောက်တော့မှာစိုးတယ်။ ဒါ့အပြင် ပင်မအိမ်ကလွဲပြီး ကျန်တာက အစေခံတွေ ဂိုဒေါင်နှင့် အလုပ်ရုံအတွက် အခန်းဖြစ်တယ်။ အခုက အသုံးမဝင်သေးပေမယ့် မင်း နောက်နှစ်ကျရင် နားလည်လာလိမ့်မယ်။ အဲဒီအိမ်တွေက အတော်လေးလိုအပ်တယ်"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now