Chapter 88

3.9K 481 10
                                    

Chapter 88
ငါကတိပေးတယ် မင်းကို ဘယ်တော့မှ စိတ်မပျက်စေရဘူး (1)

"မင်းက ဘယ်လိုဖြစ်တာလဲ..."

ပေါင်မုန့်နှစ်လုံးကို ပြန်ရပြီးနောက် လင်းဂျင်ရွှမ် သည် လင်းရွာသို့မပြန်ဘဲ ကျောက်ဒါလောင်အား ရှင်းယွမ်စားသောက်ဆိုင်သို့ မောင်းနှင်ခိုင်းခဲ့သည်။  လင်းဂျင်ရွှမ်သည် ကလေးနှစ်ယောက်ကို ပြုစုရန် လင်းဂျင်ပန်ကို တောင်းဆိုပြီးနောက်ဆိုင်ရှင်ကျန့် နှင့်အတူ အိမ်နောက်ဖေးရှိ လျှို့ဝှက်အခန်းထဲသို့ဝင်သွားခဲ့သည်။ သူတို့ဘာတွေပြောနေကြတာလဲဆိုတာ ဘယ်သူမှမသိကြသလို (သို့) လင်းဂျင်ရွှမ်ညလယ်မှာ တစ်ယောက်တည်းထွက်သွားတာကို မြင်လိုက်ရတယ်။ သူတို့ပြန်သွားသောအခါ မိုးလင်းလု နေခဲ့ပြီ။ ရွာသူရွာသား အများစုသည် နေပူလွန်းသ ဖြင့် အရမ်းမပူခင်မှာ လယ်ကွင်းသို့သွားကာ လယ် ယာအလုပ်များလုပ်ကြသည်။ အဲ့ထဲမှာ ညဉ့်နက်တဲ့အထိ အိပ်မပျော်တဲ့ လင်းမိသားစုလည်းအပါအဝင် ဖြစ်တယ်။

Pia ~

"မင်း....ဘယ်လိုလုပ် ဖြစ်နိုင်မလဲ ?"

လင်းမိသားစုအိမ်ဟောင်းနား သူတို့ရဲ့နွားလှည်းကိုဖြတ်သွားတဲ့အခါ အမျိုးသမီးလီက သူ့လက်ထဲမှာ အိုးတစ်လုံးကိုကိုင်ပြီး ထွက်လာခဲ့တယ်။ နွားလှည်းက ရထားလုံးလှည်းနဲ့မတူဘူး။ အမိုးမပါပဲ ဘေးအရံအတားသာပါသော လှည်းအလွတ်တစ်စင်းသာဖြစ်သည်။ လင်းဂျင်ရွှမ်နှင့် လင်းဂျင်ပန်၏ လက်နှစ်ဖက်တွင် အိပ်ပျော်နေသော ကလေးငယ်များကို သူမမြင်လိုက်သည့်အခိုက်တွင် အမျိုးသမီးလီ၏ လက်ထဲတွင်ရှိသော ပုလင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျကာအပိုင်းပိုင်းကွဲသွားခဲ့သည်။ ယခင်ကကဲ့သို့ နူးညံ့သိမ်မွေ့မှု လုံးဝမရှိတော့ဘဲ နောက်တစက္ကန့်တွင် ထွက်ခွာသွားမည့် မျက်လုံးများ ထွက်ပေါ်လာသည်။ အမျိုးသမီးလီသည်မိုးကြိုးပစ်သလိုခံစားရကာ ကလေးငယ်များကို မယုံနိုင်လောက်အောင်လက်ညှိုးထိုးနေခဲ့သည်။

"ကျွန်တော်တို့ တစ်ခုခုမှားနေလို့လား ? ဒါမှမဟုတ် အန်တီလီက အပြစ်တစ်ခုခုလုပ်ခဲ့လို့ မနက်အစော ကြီးစိတ်မငြိမ်မသက်ဖြစ်နေပုံရတယ်"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now