Chapter 118

3.5K 642 10
                                    

☘️Chapter 118
☘️သားများအတွက် အစီအစဉ်များ ချမှတ်ခြင်း (၂)

ငွေပေးချေပြီးနောက် လင်းဂျင်ရွှမ်သည်အပြင်ဘက် တွင်စောင့်ဆိုင်းနေသော စုန့်ကန်နွီကို ရထားပေါ်သို့ ပစ္စည်းအားလုံးကိုသယ်ခိုင်းပြီးနောက် ချူစီကိုနှုတ် ဆက်ကာပြန်သွားခဲ့သည်။ ထွက်သွားသောအခါသူတို့နှစ်ယောက်လုံး မျက်လုံးချင်းဆုံကြပြီး နှစ်ယောက်သားနားလည်ရုံမျှသာ မျက်လုံးချင်းဆုံကာ ထွက်သွားကြပြီး ချူစီသည်အဝေးမှရထားပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် အတွင်းဘက်သို့ ပြန်မလှည့်ခဲ့ပေ။ နူးညံ့သိမ်မွေ့ပြီး လှပသောမျက်နှာသည် အနည်းငယ်စိုးရိမ်မှု၊ ရုန်းကန်မှုနှင့် ရှုပ်ထွေးမှုများဖြင့် စွန်းထင်းနေခဲ့သည်။ ယနေ့ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည် သူ့မျှော်လင့်ချက်ထက် များစွာကျော်လွန်သွားခဲ့သည်။ သူ့အိမ်မက်ထဲမှာတောင် ဒီလိုအခြေအနေမျိုးနဲ့ ရန်ရှန်းလွေ့ကိုတွေ့ရမည်ဟု တစ်ခါမှမတွေးထားဖူးပေ။

"ဖေဖေ သူက ငါ့ရဲ့တော်၀င်ဦးလေး မဟုတ်လား"

အိမ်နောက်ဖေးမှာ ပုန်းနေတဲ့ကောင်လေးထွက်လာချိန်မှာ ဘယ်သူမှသတိမထားမိလိုက်ဘူး။ သူ့မျက် လုံးထဲမှာထိတ်လန့်ကြောက်ရွံ့မှုတွေ ပျောက်ကွယ်သွားခဲ့ပြီး ကူကယ်ရာမဲ့မှု အနည်းငယ်သာကျန်တော့ သည်။ သူ့အသံထဲ မသေချာမရေရာမှုတွေနဲ့ရော ထွေးနေခဲ့သည်။

"အင်း ငါလဲ အဲ့လိုထင်တာပဲ။ မကြောက်ပါနဲ့ ရန်အာ  ရှန်းလွေ့ကအရင်နဲ့မတူတော့ဘူး။ အခုသူ့မှတ်ဉာဏ် တွေပျောက်နေတယ်။ ကလေးတွေရဲ့ အထောက် အထားကိုသေချာသိရပြီးရင် ငါတို့က သူတို့ကို ကောင်းကောင်းသင်ပေးရမယ်။ သူတို့ ငါတို့ကိုသေ ချာပေါက်ပြန်ပေးဆပ်ရလိမ့်မယ်”

ကလေးကသန်မာဖို့ ကြိုးစားနေတာကို ခံစားမိတော့ ချူစီက နောက်ပြန်လှည့်ပြီး သူ့ကို ပေါ့ပေါ့ပါးပါး ပွေ့ဖက်လိုက်သည်။ ချန်ကျိုကိုရွေးချယ်ရခြင်းအကြောင်းရင်းမှာ ရန်ရှန်းလွေ့၏နယ်‌မြေဖြစ်သော ကြောင့်ဖြစ်သည်။ ဧကရာဇ်ဟောင်းသည် ရန်ရှန်းလွေ့အား ကိုယ်ရေးကိုယ်တာခွင့်ပြုချက်ဖြင့် ဤတိုင်းပြည်သို့တပ်များဝင်ရောက်ခွင့်မပြုဘဲဧကရာဇ် နန်းတော်အစောင့်များအပါအဝင် ပုန်ကန်မှုအဖြစ်ခေါင်းဖြတ်ခံရမည်ဟု ဧကရာဇ်ဟောင်းက စကားချန်ထားခဲ့သည်။ ထို့အပြင် ရန်ရှန်းလွေ့သည်ခက် ထန်ပြီး ကြီးစိုးသူဖြစ်ကာ အဆုံးအဖြတ်ရှိသူဖြစ် သည်။ သူတွေ့ခဲ့ရင်တောင် နှိပ်စက်ညှဉ်းပန်းခံရမှာ မဟုတ်ပေ။ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ အရာတွေ ဒီလိုဖြစ်လာလိမ့်မယ်လို့မထင်ထားခဲ့ချေ  ဒါက ကောင်းကင်ရဲ့နောက်ထပ် ကောင်းချီးတစ်ခုလား ??

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now