Chapter - 22 အနက်ရောင်ဝံပုလွေကို သတ်ခြင်း ( 2 )

5.4K 808 5
                                    


အခန်း - ၂၂

အဝါရောင်သစ်တော်သီးအကြီး လေးငါးလုံးခူးပြီးနောက် လင်းဂျင်ရွှမ်သည် အကိုင်းအခက်တစ်ခုကို ခုတ်ယူရန်စဉ်းစားခဲ့သည်။ အပြန်လမ်းတွင် စပျစ် သီးအကိုင်းအခက်အချို့ကိုလည်း ခုတ်လှဲပစ်ခဲ့သည်။ ၎င်းတို့ခြံသည် အရမ်းဗလာ ဖြစ်နေသဖြင့် အပင် ရှင်သည်ဖြစ်စေ မရှင်သည်ဖြစ်စေ ဦးစွာစိုက်ပျိုးနိုင်သည်။ 

" အဖေ ၊ ဒါ ဘာအသီးလဲ ? အနံ့ကမွှေးနေတာပဲ " လို့ ပျော်ရွှင်စွာ စားသုံးပြီးတဲ့အခါ ၊ ပေါင်မုန့်လုံးကြီး ကတွေ့တော့ မြန်မြန်ဖမ်းဆွဲယူလိုက်တယ်

" ဒါ ငါတို့ ဒုတိယဦးလေးရဲ့ဆေးပဲ စားချင်ရင် နောက်မှ တစ်ခေါက်လာကောက်လို့ရတယ် "

လို့ ပြောရင်းနဲ့ ပေါင်မုန့်လုံးကြီးက အ၀တ်စအနားခေါက်ထားတဲ့ ကြိုးအောက်ပိုင်းနဲ့ လိမ်ချည်ပြီး ၊ ခါးမှာပတ်ချည်ထားလိုက်တယ်၊ ပြီးတော့ သစ်တော် သီးတွေကို အဲဒီအထဲမှာထည့်ထားခဲ့တယ်။

" ငါ သိပါတယ် မေးကြည့်ရုံပါ . . . . . . "

ပေါင်မုန့်လုံးလေးက နုတ်ခမ်းဆူနေခဲ့ပေမယ့် စားချင်တယ်လို့တော့ သူမပြောခဲ့ဘူး

"ကောင်းပြီ ငါတို့..."

" Boom... Boom..."

"Ow.....Ow....Ow......"

လင်းဂျင်ရွှမ်သည် အိမ်ပြန်ရန် အချိန်တန်ပြီဟု ပြောခါနီးတွင် တောနက်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကို ကြားလိုက်ရပြီး ကြည်လင်သော သားရဲ၏ဟိန်းဟောက်သံနှင့်အတူ ရောနှောနေလေသည်။ သားအဖနှစ်ယောက် မိုးကြိုး ပစ်ခံရတယ်။ ဘေးနားက အသီးအနှံတွေကို ဂရုမစိုက်တော့ဘဲ မုန့်နှစ်ထုပ်က လင်းဂျင်ရွှမ်ရဲ့ပေါင်တွေကို ဆုပ်ကိုင်လိုက်ကာ မျက်နှာပေါ်တွားသွားမှာကို ကြောက်ရွံ့ပြီး ခန္ဓာကိုယ်လေးကလည်း တုန်ရီနေတယ်။ 

"မကြောက်နဲ့ ဖေဖေသွားကြည့်လိုက်မယ်"

လင်းဂျင်ရွှမ်က သူတို့ရဲ့ ကြောက်ရွံ့မှုကို ခံစားရပြီး သူတို့ကို ဖြေသိမ့်ပေးဖို့ ခေါင်းကို ပုတ်လိုက်ပြီး သူချလိုက်တဲ့ တံစဉ်ကို ကောက်ကိုင်လိုက်ပြန်တယ်။ သူမှန်ကန်စွာခန့်မှန်းရရင် ဝံပုလွေကအရွယ် ရောက်ပြီး‌နေပြီ ၊ သူ့နှလုံးသား ပထမဆုံးအကြိမ်နစ်မြုပ်သွားသလိုခံစားခဲ့ရသည် ၊ သူ့မှန်းဆချက်မှားယွင်းဖို့ကို ရိုးသားစွာမျှော်လင့်ခဲ့မိသည် ။ သူတစ်ယောက် တည်းဖြစ်ခဲ့ရင်တောင် ကိစ္စမရှိ‌ပေမယ့်၊ သူ့အရင်ဘဝက အစွမ်းအစတွေနဲ့ဆိုရင် ဝံပုလွေတိုက်ခိုက်မှုကို ရှောင်ဖို့က ပြဿနာမဟုတ်ဘူး ခုချိန်မှာတော့ ကလေးတွေကိုပါ ကယ်တင်နိုင်မယ်လို့ ယုံကြည်ချက်မရှိဘူး....

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now