Chapter 24 အမည်မသိ အမျိုးသားတစ်ဦးကို ကောက်ယူလာခြင်း (2)

5.6K 809 11
                                    

Chapter 24

အမည်မသိ အမျိုးသားတစ်ဦးကို ကောက်ယူလာခြင်း (2)

သူ့နှလုံးသားက ကျောက်တုံးလိုမာကျောနေရင် တောင်မှပဲ သူတို့ရဲ့တောင်းဆိုမှုကိုလက်မခံနိုင်သေး ဘူး။ သူတို့ကို ခဏလောက် စိုက်ကြည့်ပြီးနောက် သူ ကူကယ်ရာမဲ့စွာ အသက်ရှုလိုက်ပြီး ပစ္စည်းတွေချဖို့ ထိုင်ချလိုက်ပြီး အပေါ်ကိုရွှေ့လိုက်တယ်။ ဒါကိုမြင်တော့ တောက်ပတဲ့အပြုံးတစ်ခုက သူတို့မျက်နှာ လေး‌တွေပေါ်ကို ချက်ချင်းရောက်သွားပြီး နာခံမှုရှိစွာပင် ဘေးသို့ကျောခိုင်းလိုက်ကြသည်

"ဒီမျက်နှာ ... ဟမ်... "

လင်းဂျင်ရွှမ်သည် ထိုသူ့ခန္ဓာကိုယ်ကို အစွမ်းကုန် လှန်လိုက်သောအခါတွင် သူ့မျက်နှာသည် ဖုန်မှုန့်အနည်းငယ်သာ စွန်းထင်းနေသည်ကို တွေ့လိုက်ရပြီး အမာရွတ်မရှိ‌ပေ ၊ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အပိုင်းအစအချို့၊ ပြန့်ကျဲနေသောမြင်ကွင်း များ သူ့ခေါင်းထဲတွင် ရုတ်တရက်ပေါ်လာခဲ့သည်

" ဟင့်အင်း ... ကျေးဇူးပြုပြီး....မဟုတ်ဘူး.... "

" ဟမ် ... "

" ဟမ် ... "

" မင်းသားလေး အဆင်ပြေရဲ့လား ?  "

" Damn it !  သူ့ကို ပြီးအောင် !"

"ဟုတ်တယ်..."

အဆိုပါမြင်ကွင်းများ ပေါ်ထွက်လာခြင်း နှင့်အတူ ၊ လုံးဝခြားနားသော အသံနှစ်ခုရှိသည် ယခင်က ကိလေသာအပြည့်နှင့် နောက်ပိုင်းမှာ ရက်စက်စွာ မူလပိုင်ရှင်၏ မြှုပ်နှံထားသောညအမှတ်တရများ နိုးထလာခဲ့သည်။ ထို့ကြောင့်မူလပိုင်ရှင်မှာ ရုပ်ချော သော်လည်း အာဏာကြီးစိုးသောအမျိုးသားတစ်ဦး ၏ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရသည်။ အဲဒီလူက သူ့ကို ရှောင်ကုန်းတောင်ရဲ့ တောအုပ်ထဲကို ဆွဲခေါ်သွားခဲ့တယ်။ သူ့အလိုဆန္ဒကို ဆန့်ကျင်ပြီး သူ့ခန္ဓာကိုယ်ထဲကို ဝင်သွားခဲ့တယ်။ ထိုယောက်ျားသည် မိမိ၏ တိရစ္ဆာန်အလိုဆန္ဒကို ပြီးစီး၍ မူးမေ့လဲလုနီးနီးဖြစ်ပြီးချိန်၌ သူ့နောက် လူအနည်းငယ် ရောက်ချလာခဲ့တယ်။ သူ့လက်အောက်ငယ်သားများအား သူ့ကိုအဆုံးသတ်ရန် လူတယောက်က ပြောလိုက်သည်ကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
သူဘာကြောင့်နောက်ဆုံး မသေခဲ့ရသလဲဆိုရင် အဲဒီလူတွေဟာ သူအသက်ရှင်နိုင်မယ်လို့ မထင်တာကြောင့်ဖြစ်နိုင်သလို၊ ရုတ်တရက် သူတို့ကိုယ်ချင်း စာတရားရှိသွားတာလည်း ဖြစ်နိုင်တယ်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now