𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟖𝟗

4.2K 505 9
                                    


☘️ ငါ ကတိပေးတယ် ငါ မင်းကို ဘယ်တော့မှ စိတ်မပျက်စေရဘူး (2) ☘️

"လာခဲ့လေ.....မင်းဘယ်ကနေ မေးခွန်းတွေအများကြီးရလာတာလဲ ?"

ထထိုင်ရန် သူ့ခန္ဓာကိုယ်ကို တွန်းတင်လိုက်ပြီး လင်းဂျင်ရွှမ်က သူ့ကိုအပြုံးတစ်ဝက်ဖြင့် ကြည့်လိုက်သည်။ ဒီလူက ဘယ်လိုရှင်းရှင်းလေးနဲ့အရမ်းချစ် စရာကောင်းလိုက်တာ။ သူ့မျက်နှာပေါ်မှာ သူ့အပေါ် စိတ်ဝင်စားနေကြောင်း အပြည့်ရေးထားတယ်။ သူ့ကိုဘယ်နေရာက အရမ်းဆွဲဆောင်နေတာလဲ ??  သူအတိတ်မမေ့ခင်မှာ သူ့အပေါ်ဒီလို ခံစားချက်မျိုးရှိနေသေးလားဆိုတာတော့ သူမသိခဲ့ပါဘူး။ ဖြစ်နိုင်တာကတော့ မဟုတ်လောက်ဖူး။ သူကသာ တကယ် မင်းသားရှန်းဆိုရင် Come On ! မဖြစ်နိုင်ဘူး သူက နတ်သမီးတမျှအလှလေးတွေကို မြင်ဖူးခဲ့ပြီးသားပဲ။ သူ့ရှုထောင့်ကနေကြည့်ရင် သူကဒီလိုလူကြီးပဲ Ok ? 

လင်းဂျင်ရွှမ်က သူလုံးဝ ဂရုမစိုက်တဲ့သူအ‌ပေါ် သူ့ရဲ့စူးစမ်းချင်စိတ်တွေ တဖြေးဖြေးတိုးလာနေမှန်းတောင်သတိမထားလိုက်မိဘူး။ ဆက်ဆံရေးတစ်ခုကများသောအားဖြင့် စူးစမ်းချင်စိတ်ကနေစတင်ကြ သည်။

"ဂျင်ရွှမ် ငါ့ကို မင်းကိုကာကွယ်​​ပေးခွင့်ပြုပါ မင်းနဲ့က​လေး​တွေကိုကာကွယ်ပေးခွင့်ပြုပေးပါ !!"

စိတ်အားထက်သန်စွာဖြင့် သူ့လက်ကိုဆုပ်ကိုင်လိုက်သည်။ ရန်ရှန်းလွေ့သည် ကုတင်အစွန်းတွင်ထိုင်ကာ အနက်ရောင်မျက်လုံးများဖြင့် သူ့အကြည့်များကို သူ့ထံသော့ခတ်ထားခဲ့သည်။ လင်းဂျင်ရွှမ်သည်ထိုနေရာတွင် အေးခဲသွားပြီး သူ့ထံမှ လက်ကိုဆွဲယူရန်ပင်မေ့သွားခဲ့သည်။ ခဏကြာတော့ မျက်လွှာချပြီး လေးလေးနက်နက်ပြောခဲ့သည် ။

"ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တယ်၊ တခြားသူတွေကို ကာကွယ်ပေးဖို့မလိုဘူး"

ယောက်ျားတစ်ယောက်ရဲ့ မျက်နှာပြောင်တိုက်တဲ့ချစ်ခင်မှုကို မျက်နှာချင်းဆိုင်ပြီး မထိမိဘူးလို့ပြောရင်လုံးဝလိမ်ညာနေတာပဲ။ ဒါပေမယ့် ... အရင်ဘဝက သူဘယ်သူ့ကိုမှ မယုံကြည်ဖူးဘူး။ ပေါင်မုန့်လုံး လေးတွေနဲ့တခြားမိသားစုကိုလက်ခံရတဲ့အကြောင်း ရင်းကတော့ သူ့နှလုံးသားထဲမှာ မိသားစုရဲ့ချစ်ခင်မှုကိုတောင့်တနေခဲ့တဲ့အပြင် လင်းချန်းလုံနဲ့ တခြားသူတွေက သူ့ကိုတကယ်ဂရုစိုက်တာကြောင့်ပါ။ ဒါပေမယ့်ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့လက်ခံနိုင်မှုဟာ သိပ်ပြီးမမြင့်မားသေးပါဘူး။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now