Chapter - 14 ပေါင်မုန့်နှစ်လုံးအား အချိန်မီကယ်တင်ခြင်း

6.1K 858 4
                                    


အခန်း (၁၄)

"အား ... တစ်ယောက်ယောက်က ငါ့ကို သတ်နေတယ်။ ရှင်ကအသုံးမကျတဲ့လူပဲ ရှင့်မိန်းမ အသတ်ခံရလုနီးပါးဖြစ်နေတာကို အဲဒီမှာ ရပ်နေသေးတာလား။  အမလေး...နာလိုက်တာ !  ခွေးမသား လင်းဂျင်ရွှမ် နင်ငါ့ကိုသတ်နေတာလား။ အား ... "

နောက်ထပ် အရိုက်ခံလိုက်ရတာကြောင့် ဒါ၀မ်ရဲ့  အမေက ၊ မြေပြင်ပေါ်ထိုင်ချကာ အော်ဟစ်ပြီး ငိုယိုကြိမ်းမောင်းနေခြ့တယ် .. တခါတရံ သူ့ယောက်ျားကို ကြိမ်းမောင်းပြီး၊ တခါတရံတွင် လင်းဂျင်ရွှမ် ကို ဆူပူကြိမ်းမောင်းပြီး နာကျင်မှုကြောင့်ထပ်ခါထပ်ခါ ငိုကြွေးခဲ့တယ်.....။ သခင်မ၀မ်က ထိုမိန်းမရဲ့ယောက်ျားကိုကြည့်မိတဲ့အခါမှာ စိတ်မရှည်သလို မျက်မှောင်ကြုတ်ပြီး ကြည့်နေတာကို မြင်လိုက်ရတယ်။ ဒီမိန်းမက တကယ်ကို အရှက်မဲ့ခြင်း အဆင့်သစ်ကို ရောက်သွားပြီပဲ

" ဖေဖေ "

ပေါင်မုန့်နှစ်လုံးက လင်းဂျင်ရွှမ်ရဲ့ပေါင်နှစ်ဖက်ကို ဆုပ်ကိုင်ထားပြီး မျက်ရည်တွေကျကာ မျက်လုံးတွေနဲ့ လင်းဂျင်ရွှမ်ရဲ့ သတ်ပစ်ချင်တဲ့စိတ်ခံစားချက်က ချက်ချင်းပျောက်ကွယ်သွားတော့တယ်။ သူထိုင်ချလိုက်ပြီး သူတို့ကို ပွေ့ဖက်လိုက်ပြီး

"ကောင်းပြီ၊ မကြောက်နဲ့ အဖေ သားတို့ကို ကာကွယ်ပေးမယ်... "

မျက်လုံးများ ကျဉ်းသွားကာ သူ့မျက်လုံးထဲတွင် မှိန်ဖျော့နေသော အလင်းရောင်ကို‌ ဖျောက်ပစ်လိုက်သည်။ What The Fuck !  မျှော်လင့်ထားသည့်အတိုင်း ထိုအမျိုးသမီးသည် သူ့ယောက်ျားကို ဤနေရာတွင် အမှန်တကယ် ခေါ်လာခဲ့ပြီး သူ့ရှေ့မှာပင် ပေါင်မုန့်လုံးလေး‌တွေကို ရိုက်ရန်ကြိုးစားခဲ့တယ်... အကယ်၍ သူသာ အပြင်းအထန် လုံလုံလောက်လောက် ရိုက်နှက်ဆုံးမခဲ့ပါက ၎င်းတို့သည် မထိ  သင့်သောသူအား အမှန်တကယ် သိသွားလိမ့်မည်ဖြစ်ပြီး ထပ်မံနှောက်ယှက်ရဲမည်မဟုတ်တော့ချေ သူတို့လုပ်ရဲပါက ရွှမ်လင်းဂျင် ဟုပင်အမည်ပြောင်းပစ်လိုက်မည်။

"ဂျင်ရွှမ်...."

သခင်မ၀မ်က သူ့သားနဲ့ မြေးနှစ်ယောက်ကို ကိုင်ပြီး ကြည့်လိုက်တယ်။  သူ့မျက်လုံးမှာ တစ်ခုခုမှားနေပြီလား။  သူ့သားက အရူးမဟုတ်တော့ဘူးလား။  ထိုစကားကိုကြားတော့ လင်းဂျင်ရွှမ်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်လှုပ်သွားပြီး ဖြည်းညှင်းစွာ မျှော်ကြည့်လိုက်ရာ သခင်မ၀မ်၏ မျက်ရည်စမျက်လုံးများ၊ နှုတ်ခမ်းများ တုန်တုန်ယင်ယင်ဖြင့် သူ့ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။  အသက်သုံးဆယ်ကျော်သာရှိသေးသော သူမသည် နှစ်ပေါင်းများစွာ ခက်ခဲသောအလုပ်များအပြင် သူ့အတွက် စိတ်ပူရသဖြင့် နှစ်အနည်းငယ်သာရှိသော်လည်း အသက် 40 ကျော်ကဲ့သို့ထင်ရသည်၊ သို့သော်သူမ၏အခြေခံအုတ်မြစ်ကောင်းသည် ၊ သူမ ငယ်စဉ်က ကဲ့သို့အလွန်လှပနေသင့်သည် ။  အရေးကြီးဆုံးကတော့ သူမက သားဖြစ်သူကို ကာကွယ်ပေးတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်တယ်...

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now