☘️ Chapter 173

1.1K 136 2
                                    

☘️ Chapter 173


"ဟစ်စ် ~"

ဝံပုလွေပေါက်လေးနှစ်ကောင်သည် အလွန်သတ္တိရှိပြီး ထိုဝံပုလွေ၏နှစ်ဖက်စလုံးတွင် ၎င်းတို့၏အရွယ် အစားထက်ဆယ်ဆပိုကြီးသော ဧရာမဝက်ကြီးအား အော်ဟစ်ပြီးရင်းအော်ဟစ်နေလေသည်။ သစ်ပင်မှာပုန်းနေတဲ့ လင်းဂျင်ရွှမ်က အရမ်းစိုးရိမ်နေတာကြောင့် အခုအခြေအနေနဲ့သိပ်မရှင်းတဲ့ အဲဒီကလေးနှစ်ယောက်ကိုတားဖို့ ခုန်ဆင်းလုနီးပါးပါပင်။ ဝက်ကို သူတို့လိုမျိုးအားနဲတယ်လို့များထင်နေကြသလား ? သူတို့အဖေတောင် သူ့ပြိုင်ဘက်မဖြစ်နိုင်ဘူးလေ၊ သူသိသလောက်တော့ တောဝက်တွေရဲ့တိုက်ပွဲစွမ်းရည်က တော်တော်ကြောက်ဖို့ကောင်းတယ်။

"ဟစ်စ်~"

"ဟစ်စ်~"

ဝက်ထီးကြီး၏ကျယ်‌လောင်စွာ အော်ဟောက်သံနှင့်အတူသားပေါက်လေးနှစ်ကောင်သည် ကြောက်လန့်တ ကြားဖြင့်နောက်ပြန်ဆုတ်သွားသည်။ ရုတ်တ ရက် လန့်ဖျပ်သံနှင့်အတူ ၀က်ကြီးသည် သုံးမီတာထက်မပိုသော ထိုဝံပုလွေ၏ရှေ့တွင် လဲကျသေဆုံးသွားပြီးနောက် နက်နဲစွာအော်ဟစ်လိုက်လေသည်။ အလင်းတန်းတစ်ခုသည် သားပေါက်လေးနှစ်ကောင်သည် လျှပ်စီးလက်သည့်အရှိန်ဖြင့် ပစ်မှတ်ထားကာ သူ့လက်ထဲတွင် ကောက်ကိုင်လိုက်ကာ နောက်တစ်စက္ကန့်တွင် ထိုပုံသဏ္ဍာန်သည် လင်းဂျင်ရွှမ်တည်ရှိနေသော သစ်ကိုင်းပေါ်၌ တဖြည်းဖြည်းကျဆင်းသွားသည်။

"မင်း ဒီမှာဘာလာလုပ်နေတာလဲ ? အစ်ကိုကျောက်နဲ့ တခြားသူတွေကော ဘယ်မှာလဲ ?"

ရန်ရှန်းလွေ့ဖြစ်သည်ကို မြင်လိုက်ရသဖြင့် လင်းဂျင်ရွှမ်သည် စိတ်အေးသွားကာ သူ့ရင်ခွင်ထဲမှ သားပေါက်လေးတစ်ကောင်ကို လှမ်းကိုင်လိုက်ပြီး ရန်ရှန်းလွေ့၏ မည်းနက်နေသော မျက်နှာအားဂရုမစိုက်ဘဲ အောက်ဘက်ရှိ သားရဲနှစ်ကောင်ကိုသာ အာရုံစိုက်နေလိုက်သည်။

"သူတို့ကို စိတ်ပူနေတာလား ? မင်းကို ဟိုမှာထိုင်ပြီး မလှုပ်နဲ့လို့ပြောခဲ့တာလေ၊ မင်း ဘာလို့ ဒီကိုထပ်ရောက်‌နေရပြန်တာလဲ ?"

သူ ထိုနေရာ၌မရှိတော့သည်ကိုတွေ့သောအခါ ကျောက်ဒါလောင်နှင့် အခြားသူများကိုရှာရန်သွားခဲ့သည်ဟုထင်ခဲ့သည်။ သို့သော် သားရဲ၏အော်ဟစ်သံကိုကြားလိုက်ရသောအခါ ထိတ်လန့်ပြီးစိတ်ပူသွားခဲ့သည်။ လင်းဂျင်ပန် အနားမှသားပေါက်လေးနှစ်ကောင် တောထဲရုတ်တရက်ပြေးဝင်သွားတာကို တွေ့လိုက်ရတာကြောင့် လင်းဂျင်ပန်က တခြားသား ရဲအော်သံကြားသဖြင့် အမြန်ပြန်သွားခိုင်းလိုက်သည်။ သူ့အရှိန်ယူပြီး ဒီကိုအလျင်အမြန်ပြေးလာခဲ့ခြင်းပင်။ ကံကောင်းထောက်မစွာ သူ လုံးဝအဆင် ပြေနေခဲ့တယ်၊ မဟုတ်ရင် သူ ဘာလုပ်ရမယ်ဆိုတာတကယ်မသိဘူး။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now