☘️ Chapter 172

1.7K 161 2
                                    

☘️ Chapter 172

သူ့ရှေ့တွင်ငုတ်တုတ်ထိုင်နေသော ရန်ရှန်းလွေ့သည် သူ့အားချစ်ခင်စွာဖြင့်ကြည့်ရင်းသူ့လက်ကိုဆုပ်ကိုင် ထားခဲ့သည်။ တကယ်တော့ သူပြောချင်နေခဲ့တာကြာပြီ။ သူ မပြောဖြစ်သည့်အကြောင်းရင်းမှာ ရှောင်၀မ်ကြောင့်ဖြစ်သည်။ ဒီပါးစပ်လေးအတွက် သူတို့အစားအသောက်တွေက အကောင်းတွေချည်းသာ။ မနက်စာကလွဲလို့ အစားအသောက်တိုင်းလိုလိုအသားငါးတွေရှိနေခဲ့သည်။ သို့သော် လင်းဂျင်ရွှမ်သည်အနည်းငယ်ပိုကျစ်လျစ်လာသော်လည်း ကိုယ်အလေးချိန်အလွန်အကျွံမတက်လာသောကြောင့် သူ့အား အလွန်စိုးရိမ်စေသည်။ အခုလေးတင် သူ့ လက်ချောင်းတစ်ချောင်း ဆူးဆူးခဲ့ပေမယ့် အချိန်အတော်ကြာအောင်ဖိနှိပ်ထားခဲ့သည့် ထိုကြိုးကမူ လင်းလက်လားနေပြီ။ မည်သို့ပင်ဆိုစေကာမူ သူသည် ဤကဲ့သို့ ၀တ်ဆင်ရန်ခွင့်မပြုနိုင်ပေ။ တစ်နေ့ကျရင် ဘာဖြစ်မလဲ… မဟုတ်ဘူး၊ သူတွေးတောင် မတွေးနိုင်တော့ဘူး။ အဲဒါကို တွေးရုံနဲ့ သူ့နှလုံးသားကနာကျင်နေပြီး တစ်နေ့နေ့ သူတွေးသလိုတကယ် ဖြစ်လာမှာကို ကြောက်ရွံ့နေခဲ့သည်။

"ဟာဟား... ငါက ဘယ်လို သေးသေးသွယ်သွယ်ဖြစ်ရတာလဲ။ မကြာသေးခင်က ငါကိုယ်အလေးချိန် တက်လာတာ မင်း သတိမထားမိဘူးလား။ ဒီကြွက် သားတွေအားလုံးကို ကြည့်လိုက်စမ်း!”

ခဏတာ အံ့အားသင့်သွားပြီးနောက် လင်းဂျင်ရွှမ်သည် သူ၏ ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီး ညာလက်မောင်း၏ ကြွက်သားများကို ပြုံးကာ ညှစ်လိုက်သည်။ ခုတော့ သူပိန်သွားတာ အမှန်ဘဲ၊ အရင်ကလောက် မပျော့တော့ဘူး။ မပြတ်မလပ် လေ့ကျင့်ခန်းလုပ်ပြီး နေ့တိုင်းပြင်းပြင်းထန်ထန် လုပ်ခဲ့တာကြောင့် နည်းနည်းပိန်နေသေးပေမယ့် သူ့ခန္ဓာကိုယ်အားသန်မာလာစေသည်။

"ဒါကို ကြွက်သားလို့ခေါ်နေပြီလား ?"

သူ့ကို စိုက်ကြည့်ရင်း ရန်ရှန်းလွေ့က သူ့အပေါ်ပိုင်းအဝတ်အစားတွေကို ရုတ်တရက်ဖြဲပြလိုက်ပြီး သူ့ရဲ့ ထူထဲတဲ့အပေါ်ပိုင်း လက်မောင်းတွေကိုပြပြီး လက်နဲ့ပုတ်လိုက်တယ်။ 

“ဒါကမှ ကြွက်သားတွေ၊ တစ်နေ့ မင်းငါ့လိုဖြစ်လာရင် မင်းအတွက် ငါ စိတ်ပူနေရမှာမဟုတ်ဘူး။"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now