Chapter - 19 သူတို့က ကျွန်တော့်ကို တရားစွဲဖို့ ကြိုးစား‌နေတာလား?

5.9K 855 13
                                    

အခန်း - ၁၉

ဈေးကကောင်းတယ်၊ ငါးရှစ်ကောင်ကို ကြေးနီဒင်္ဂါးပြား နှစ်ရာကျော်ကို ခေတ်မီကမ္ဘာမှာ ယွမ်နှစ်ရာကျော်နဲ့ ညီမျှတယ်။ ဒီနှုန်းနဲ့ဆိုရင် ဆောင်းရာသီမရောက်ခင် အပြာရောင်အုတ်အိမ်ကြီးတစ်လုံးကို ဆောက်နိုင်လိမ့်မယ်....နောက်နေ့မနက်စောစောတွင် လင်းဂျင်ရွှမ်သည် ပြောင်းဖူးမှုန့်လက်တစ်ဆုပ်စာကို ကောက်ကိုင်လိုက်ပြီး တောရိုင်းဟင်းသီးဟင်းရွက်အိုးကိုချက်ပြုတ်ကာ ခြံဝန်းအတွင်း နာရီဝက်နီးပါး ပြေးထားခဲ့သည်။ မိုးချုပ်လာသည်နှင့်အမျှ၊ သူသည် စည်ကြီးနှစ်လုံးဖြင့် ရွယ်ဟွာချောင်းသို့သွားခဲ့သည်။

ဒီနေ့တော့ သူက ငါးထပ်ဖမ်းဖို့ စိတ်ကူးထားတယ်။  ပထမအချက်က အိမ်မှာ စားစရာသိပ်မရှိတာရယ် ၊ ဒုတိယအချက်က သူနဲ့ ပေါင်မုန့်နှစ်လုံးစလုံးက ခြေ‌ ထောက်မှာ ကောက်ရိုးဖိနပ်ကို ၀တ်ထားရတုန်း၊ အဝတ်အစားတွေက အဖာများစွာဖြစ်နေတာရယ်ကြောင့် ဒီရက်တွေမှာ သူစဉ်းစားနေခဲ့တာတွေက ပိုက်ဆံရှာဖို့နဲ့ ပြီးတော့ ကလေးနှစ်ယောက်ကို မြို့ထဲ အ၀တ်အစားနဲ့ နေ့စဉ်အသုံးအဆောင်လိုအပ်တာနဲနဲ၀ယ်ဖို့ ခေါ်သွားချင်တယ်။ ဆင်းရဲ‌ပေမယ့်လည်း သူကိုယ်တိုင်နဲ့ မုန့်လုံးနှစ်လုံးကို အဝတ် အစား၊ စား၀တ်‌နေရေး နဲ့ နေရာထိုင်ခင်းတို့ကြောင့် ဒုက္ခဖြစ်စေခြင်းမျိုးမလိုလားခဲ့ဘူး

"ဖေဖေ ဒီနေ့ ငါးတွေ ဘယ်လိုများ ဖမ်းမိတာလဲ သားကို ကူညီခွင့်ပေးပါဦး"

သူတို့ အဖေက အဝေးက စည်နှစ်စည်ကို သယ်လာတာမြင်တော့ ပေါင်မုန့်လုံးကလေးက ခက်ခက်ခဲခဲသူ့ဆီ ပြေးလွှားပြီးသွားခဲ့တယ် ချွေးတွေနဲ့ ဖုံးနေတဲ့ မျက်နှာငယ်လေးနဲ့ အ၀တ်အစားများမှာ ချွေးများ စိုရွှဲနေသော်လည်း သူ့မျက်နှာပေါ်ရှိ အပြုံးသည် တောက်ပြောင်ပြီး စိတ်လှုပ်ရှားစရာဖြစ်နေခဲ့သည်

" ငါးတွေအများကြီးပဲ ဖေဖေ သားတို့ ချမ်းသာ တော့မယ် "

နောက်ကနေ အနီးကပ်လိုက်ပါခဲ့တဲ့ ပေါင်မုန့်လုံးကြီးအတွက် အဓိက‌အချက်က ပိုက်ဆံပဲ အဲ့ပိုက်ဆံကနေဘာမှမပြောင်းလဲဘူး လင်းဂျင်ရွှမ်က သူ့ကို မ‌ ပေးချင်သေးဘဲ ငါးဖမ်းပိုက်တွေကို သူ့ဆီပေးလိုက် ပြီး ငါးစည်ထမ်းထားတဲ့ မိသားစုသုံး‌ယောက်က ဝမ်းသာအားရနဲ့ အိမ်ပြန်ခဲ့ကြတယ်။ 

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now