Chapter - 12 မနက်ခင်းလေ့ကျင့်ခန်း

6.2K 846 7
                                    


အခန်း (၁၂)

နောက်နေ့မနက်စောစော နေမထွက်ခင်မှာ ငှက်အော်သံကြားတော့ လင်းဂျင်ရွှမ်ဟာ အေးအေး ဆေးဆေး နိုးလာပြီး မှုန်ဝါးနေတဲ့ မျက်လုံးတွေနဲ့ ကျိုးနေတဲ့အမိုးကို မြင်လိုက်ရတဲ့အချိန်အထိ လင်းဂျင်ရွှမ်က ရှေးခေတ်ကို ဝိဉာဉ်ကူးပြောင်းလာခဲ့တာကို သတိရလိုက်မိပြီး နှုတ်ခမ်းထောင့်က အလိုလို ယဲ့ယဲ့လေးတတ်သွားတယ်။  ပေါင်မုန့်နှစ်လုံးကို လှည့်ကြည့်ပြီး ငြိမ်သက်စွာသက်ပြင်းချလျက် မငြင်းဆန်နိုင်‌တော့ဘဲ တက်နိုင်သမျှ သူ့ကံကြမ္မာကို လက်ခံလိုက်တော့သည်။ 

" ဖေဖေ ? "

သူဝတ်ရန် အဆင်သင့်ဖြစ်နေသော အ၀တ်အစားများကို ကောက်ကိုင်လိုက်သောအခါတွင် ပေါင်မုန့်လုံးလေးသည် မျက်လုံးများကို ပွတ်သပ်ကာ ထထိုင်လိုက်သည်။  လင်းဂျင်ရွှမ်က သူ့ခေါင်းကို လှမ်းကိုင်လိုက်ပြီး

"စောနေသေးတယ်၊ နည်းနည်း ပိုအိပ်ဦး"

"အိုး..."

ပေါင်မုန့်လုံးသည် နာခံမှုဖြင့် ခေါင်းညိတ်ကာ လှဲ၍ အိပ်လိုက်ပြန်သည်။  လင်းဂျင်ရွှမ်သည် မပြုံးနိုင်ဘဲ ငုံ့ကာ သူ့မျက်နှာလေးကို ညင်သာစွာ နမ်းလိုက်ပြီး အဝတ်အစားလဲပြီးနောက် အပြင်သို့ ထွက်သွားခဲ့ သည်။  လင်းရွာသည် အိမ်ခြေ နှစ်ရာခန့်ရှိ၍ လူဦးရေ သုံးထောင်နီးပါးရှိသော ရွာကြီးတစ်ရွာဖြစ်ပြီး ပျမ်းမျှအားဖြင့် တစ်အိမ်လျှင် လူဆယ်ဦးနီးပါးရှိသည်။  ဒါကို ခေတ်မီကမ္ဘာမှာဆိုရင် သားဆက်ခြားရုံးက အလုပ်ရှုပ်မှာ သေချာပါတယ်။ ဘာအတွက် အလုပ် ရှုပ်နေသလဲလို့မေးရင်။ သေချာတာပေါ့ ပင်နယ်တီဂိုးတွေအတွက်လေ.....

သို့သော် ရှေးခေတ်၌ ဤအရာသည် သာမန်ဟုထင်ရပြီး အကြီးဆုံးမိသားစုများတွင် လူရာဂဏန်းမျှသာရှိတတ်သည်။  အဲဒါက ကြောက်စရာကောင်းတယ်..... 

မီးဖိုချောင်တွင် တောရိုင်းဟင်းသီးဟင်းရွက် နှင့် ပြောင်းဖူးကို ချက်ပြုတ်ပြီးနောက် လင်းဂျင်ရွှမ်သည် တစ်ခုခုကိုစဉ်းစားမိပြီး သူ့အင်္ကျီကိုချွတ်လိုက်သည်။ သူ့၏ ကြီးနေသောအင်္ကျီနှင့် ချောင်ပွနေသော ဘောင်းဘီတို့ကို စည်း‌ရန် ကောက်ရိုးနှစ်ချောင်းကိုရှာတွေ့ပြီးနောက် အိမ်နားတဝိုက် ပြေးလွှားခဲ့သည်။ ယခုခန္ဓာကိုယ်၏ ကာယစွမ်းရည်သည် ဆိုးရွားလွန်းတဲ့အတွက် အရင်ဘဝအဆင့်ထိ ရောက်ရန် မမျှော်လင့်ထားဘူး ၊ အနည်းဆုံးတော့ အလုပ်နည်းနည်း‌လောက်လုပ်လိုက်တာနဲ့ မမောပန်းသင့်ဘူးလေ.....

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now