Description

11.9K 331 5
                                    

Unicode

ဒီအကြိမ်နဲ့ဆိုရင် သေကြောင်းကြံတာ ရှစ်ကြိမ်မြောက်။

မိဖုရားခေါင်ကြီး Medea ဒီတခေါက်လဲ မသေသေးဘူး။ သို့သော် ဒီအကြိမ်ကတော့ နည်းနည်း ထူးဆန်းသည်။

"မှတ်ဉာဏ်ပျောက်တာ?"

ဘုရင် Lyle ကတော့ Medea ရဲ့ စကားကြောင့် ပြုံးချင်ချင် ဖြစ်သွားရသည်။

"မင်းက ငါကိုယ်တော်ကို တချိန်လုံး စိတ်ဒုက္ခပေးနေခဲ့ပြီးမှ အခုတော့ မှတ်ဉာဏ်ပျောက်တယ်တဲ့လား"

ငါက ရက်ရွှေ့ချင်ရင်တောင် ကြင်ယာခန်းဝင်ရတဲ့နေ့က နှစ်ပတ်တခါ လာနေမှာပဲ။

ငါက မင်းနဲ့တောင် အတူနေချင်တာ မဟုတ်ဘူး။

ဘုရင် Lyle တယောက် မသိတာက မိဖုရား ခန္ဓာကိုယ်ထဲ တကယ်ပဲ တခြားလူတယောက် ရောက်နေတာ။

ပြောရရင် Oh Soo Yeon (အိုဆိုးယွန်း)ပေါ့။ ရိုးရိုး သာမန် ဝန်ထမ်းတစ်ယောက်။

အံအားသင့်ဖွယ်ကောင်းစွာပဲ သူမက အရက်အလွန်အကျွံသောက်လို့ သေဆုံးခဲ့ပြီး ဝတ္ထုထဲ ရောက်လာတာ။

Medea က ဇာတ်လမ်းအစပိုင်းမှာတင် သေသွားတဲ့ အရံဇာတ်ကောင်။

ဒါဆိုရင် အဓိက ဇာတ်ကောင် Seira က ဘယ်လိုဖြစ်မှာလဲ။

အမှန်တော့ သူမကသာ ဘုရင်နဲ့ ပေါင်းဖက်ရမှာ။

သူတို့နှစ်ယောက်ရဲ့ညက စိတ်ရှုပ်ထွေးစရာတွေနဲ့ ပြည့်နေတာ။

သို့သော် Medea ရဲ့ ခန္ဓာကိုယ်က အံအားသင့်ဖွယ် မွှေးရနံ့တစ်ခုက Lyle နှလုံးသားကို ကိုင်လှုပ်လိုက်ပြီ။

"မင်းနှုတ်ခမ်းတွေက ဒီလောက် မချိုမြိန်နေသင့်ဘူး"

အဲ့နေ့က စပြီး ဘုရင့်ရဲ့ ထူးဆန်းတဲ့ စိတ်အနှောက်အယှက်စရာ အကျင့်တခု စတင်တော့တာပါပဲ။

ဒါဟာ တကယ်ပဲ အဆင်ပြေရဲ့လား။

Zawgyi



"မှတ်ဉာဏ်ပျောက်တာ?"
















Your Majesty is annoying (Myanmar Translation)Where stories live. Discover now