အပိုင်း (၄၇)

3.5K 222 5
                                    

{Unicode}

"မင်း ကိုယ့်ကို ဒီမျက်နှာနဲ့ပဲ ဆက်ဆံတော့မှာလား?"

လိုင်လ်မေးခွန်းထုတ်လိုက်ပြီး မယ်ဒီရာကမူ စူပုတ်ပုတ်မျက်နှာနဲ့ ထိုင်နေသည်။

ကျွတ်ခနဲ စုတ်သတ်လိုက်ပြီးနောက် လိုင်လ် မတ်တပ်ရပ်ကာ မယ်ဒီရာ့ကို မြင်ရတဲ့ နေရာဆီ ရွှေ့လိုက်သည်။

မယ်ဒီရာ ဟိုဘက်လှည့်သွားပြန်သည်။

'Shit'

လိုင်လ်က သူတို့ အတူနေမယ်တွေးထားပေမဲ့ ဘုရင့်နန်းဆောင်ထဲ အပိတ်ခံထားရတဲ့ မယ်ဒီရာ့ဒေါသက လွယ်လွယ်နဲ့ ပြေမဲ့ပုံ မပေါ်ပေ။

အရင်ကလိုသာဆိုရင် မယ်ဒီရာ့ခံစားချက်ကို လွယ်လွယ် လစ်လျူရှုနိုင်မည်ထင်ပေမဲ့ အခုတော့ မယ်ဒီရာ့ခံစားချက်ကို လိုင်လ် မသိချင်ယောင်ဆောင်ပြီး မနေနိုင်ပေ။

'ငါ စိတ်လှုပ်ရှားနေတယ်'

သူမစိတ်အခြေအနေကို သတိထားမိနေတဲ့ လိုင်လ် တွေးလိုက်သည်။

[ငါတော့ ဒုက္ခပဲ၊ စိတ်ဆိုးနေချိန်မှာတောင် မင်းက ညို့ငင်နိုင်တုန်းပဲ။ မင်းပြုံးအောင်သာ ကိုယ်လုပ်နိုင်ရင် လကမ္ဘာထိ ကိုယ်ရောက်သွားတယ်လို့ တွေးမိမှာပဲ]

သို့သော် အစောပိုင်းကတည်းကပင် မယ်ဒီရာက လိုင်လ်နဲ့ မျက်လုံးချင်းမဆုံပေ။ လိုင်လ်ခမျာ စိတ်စောနေပြီး သူ့ခံစားချက်ရော သူမခံစားချက်ကိုပါ လစ်လျူမရှုနိုင်တာက ရှက်ဖို့ ကောင်းလှသည်။

ထို့ကြောင့် မယ်ဒီရာ နှစ်သက်သမျှ အရာအားလုံး ယူလာဖို့ အစေခံတွေကို အမိန့်ပေးလိုက်သည်။ အချစ်ဝတ္ထုတွေနဲ့ အချိုပွဲတွေ၊ သို့ရာတွင် မယ်ဒီရာက တချက်ကလေးတောင် အသိမှတ်ပြုဟန်၊ ကျေနပ်ဟန်မပြ။

[ကျောက်သံပတ္တမြားတွေ ယူလာပေးရမလား?]

ဒါမှမဟုတ် အကျီဖြစ်ဖြစ် ဖိနပ်ဖြစ်ဖြစ်ရော? ဦးထုပ်နဲ့ လက်ဝတ်တန်ဆာတွေ ကြိုက်လား? ထိုအရာတွေက အရင်မယ်ဒီရာ သေချာပေါက်ကြိုက်တဲ့ အရာတွေပင်။ မိန်းကလေးတွေ ဘာကြိုက်တတ်လဲ လိုင်လ်စဉ်းစားရင်း မယ်ဒီရာ ဘာကြိုက်တတ်မှန်းတောင် မသိသည့် သူ့အဖြစ်သူ သတိရသွားသည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now