အပိုင်း (၃၉)

4.4K 253 9
                                    

{Unicode}

ဘုရင်မနန်းဆောင်ပြန်တဲ့ လမ်းတစ်လျှောက်လုံး လိုင်လ့်ရဲ့ ရန်လိုတဲ့ ပုံစံကို မယ်ဒီရာ ပွစိပွစိလုပ်လာသည်။

[ငါက ဘုရင်မနော် ! တည နှစ်ညလောက် တူတူအိပ်တာနဲ့ပဲ ငါ့ကို ပိုင်သွားပြီ ထင်နေတာလား]

ဘယ်လို လက်တုံ့ပြန်ရမလဲ သူမ တွေးနေပေမဲ့ နည်းလမ်းတော့ မရှိပေ။ အမှန်ဆို သူမက ဘုရင်မပေမဲ့ အာဏာ အပြည့်အဝရှိတဲ့သူ မဟုတ်။

ထို့ပြင် မယ်ဒီရာမှာ တခြားလုပ်စရာ ရှိသေးသည်။

[စီရီရာ့ အိမ်တော်က မိုင်းတွင်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ ငါ နည်းလမ်းရှာရဦးမယ်]

စီလောပြည်နယ်အကြောင်း နားလည်တဲ့သူတစ်ယောက်ယောက်ကို ရှာဖို့ မယ်ဒီရာ သူမအထိန်းတော်ကို အမိန့်ပေးလိုက်သည်။ ထို့ကြောင့် သူမ အကြောင်းစုံသိရဖို့ နှစ်ရက် သုံးရက်လောက် စောင့်ရဦးမည်ပင်။

[ငါ့အတွက် အချိန်ရှိသေးပေမဲ့ ဒါက ငါ့ဘဝနဲ့ ပတ်သတ်နေတာ၊ ဒီတခါကိစ္စကို အဆင်ပြေပြေလုပ်နိုင်ရင် ကောင်းမှာပဲ]

မယ်ဒီရာ အကူအညီလိုနေပြီး သူမစိတ်ထဲ ပေါ်လာသည့်သူမှာ လုခ်ပင်။ လိုင်လ့်ဆီ အကူအညီတောင်းဖို့ သူမ တွေးဖူးပေမဲ့ သူ့ရဲ့ ဒီနေ့ပုံစံကို ကြည့်ပြီး ပြန်စဉ်းစားရတော့မည် ဖြစ်သည်။

[လုခ်ကို ယုံလို့ ရပါ့မလား? မယ်ဒီရာမသေခင် နှစ်အတော်ကြာကတည်းက သူနဲ့ မတွေ့ဖြစ်တာဆိုတော့ လုခ်ကတော့ ငါ့ကို သံသယမဝင်လောက်ဘူး]

လုခ်မှတ်မိတဲ့ မယ်ဒီရာ့ပုံစံက လွန်ခဲ့တဲ့ နှစ်များစွာက သူတို့ အမေအမိန့်အရ သင်တန်းတက်ခဲ့ရတဲ့ ပုံစံပင်။ သူက သူမကို တစ်ကြိမ်နှစ်ကြိမ်သာ အဝေးက လှမ်းကြည့်ခွင့်ရခဲ့သည်။ မျက်စိကျိန်းလောက်အောင် လှတဲ့ အမရဲ့ ပုံစံက လေးနှစ်အရွယ်ကလေးတစ်ယောက် အရွယ်ရောက်လာသည်အထိ သေချာမှတ်မိနေခဲ့သည်။ သူတို့အဖေ နယ်စားမင်း ကရစ်ခ်ရဲ့ အမိန့်အရ တင်းကြပ်တဲ့ သင်ခန်းစာတွေ လေ့လာခဲ့ရပြီး သူရဲကောင်းတစ်ယောက်အဖြစ် နယ်လှည့်ခဲ့ရတာမို့ မယ်ဒီရာနဲ့ ထပ်မတွေ့ဖြစ်တော့။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now