အပိုင်း (၄၈)

3.3K 197 9
                                    

{Unicode}

သူမငယ်စဉ်အချိန်မှာပဲ သူမမိသားစုက ဘေးကြုံပြီးနောက် နန်းတွင်းထဲ ဝင်လာကာ အစေခံဖြစ်လာခြင်းပင်။

"လကဲ့သို့ ရွှန်းတောက်သော အရှင် ဧကရီဘုရင်မကို နှုတ်ခွန်းဆက်ပါတယ် ဘုရား၊ ကျွန်တော်မျိုးမက ဆိုလောနယ်ကလာတဲ့ ဗစ်တိုရီးယား လိုင်ရီ ဖြစ်ပါတယ်" ဗစ်ကီ တုန်တုန်လှုပ်လှုပ်ဆိုလိုက်သည်။

မယ်ဒီရာ ခေါင်းအသာညိတ်လိုက်ပြီး ဗစ်ကီ့မျက်နှာကို ကြည့်လိုက်သည်။

သူမက အညိုရောင်ဆံပင်တွေရှိပြီး မှဲ့ခြောက်အနည်းငယ်ရှိကာ သာမာန်ရုပ်ရည်မျိုးသာ ရှိပေမဲ့ မယ်ဒီရာ သူမနာမည်နဲ့ ရုပ်ကို သေချာ မှတ်ထားလိုက်သည်။

ဝတ္ထုထဲမှာ ဒီမိန်းကလေးက တမြို့တည်းသားချင်းမို့ စီရီရာကို ကူညီခဲ့သူ အစေခံဖြစ်သည်။

"လိုင်ရီ မိန်းကလေး၊ ငါ မင်းကို ဗစ်ကီလို့ ခေါ်လို့ ရမလား"

"ဟု..ဟုတ်ကဲ့။ အရှင်မ ဧကရီဘုရင်မ! ကျွန်တော်မျိုးမအတွက် ဂုဏ်ယူစရာပါပဲ"

သူမက ဆင်းရဲတဲ့ နယ်စားမျိုးရိုးကသာ ဆင်းသက်လာသူဖြစ်ပြီး မြင့်မြတ်တဲ့ မျိုးရိုးက ဆင်းသက်လာတဲ့ အစေခံတွေတောင် နန်းတွင်းထဲတွင် တော်ဝင်မျိုးနွယ်နှင့် တွေ့ဖို့ ခက်ခဲလှသည်။
(T/N: မြင့်မြတ်တဲ့ မျိုးရိုးက ဆင်းသက်လာတဲ့ အစေခံဆိုတာက နယ်စားမင်းတို့ဘာတို့ရဲ့ ကိုယ်လုပ်တော်မျိုး၊ ရာထူးအတည်အကျပေးထားတာမျိုးမရှိတဲ့ အမေက မွေးလာတဲ့ သမီးမျိုးဆို နန်းတော်ထဲ အစေခံလုပ်ဖို့ ပို့တတ်တယ်)

သူမ နန်းတွင်းထဲ အခစားဝင်နေချိန်မှာပဲ သူမအဖေ ဆုံးသွားတဲ့ သတင်း ဗစ်ကီကြားလိုက်ရပြီး သူနဲ့အတူ နယ်စားရာထူးလဲ ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့်ပင် သူမဆီက မြင့်မြတ်တဲ့မျိုးရိုး ပျောက်ကွယ်သွားပြီး အပျိုတော်ထိန်းလဲ မဖြစ်နိုင်တော့ပေ။

ဗစ်ကီနဲ့ အတူတာဝန်ကျတဲ့ အစေခံတွေက သူမကို အရေးမစိုက်ပဲ လေးစားမှုလဲ မရှိကြတော့။

"ငါ စာအုပ်တွေထဲ မပါတဲ့ မင်းရဲ့ မွေးရပ်မြေ ဆိုလောနယ်အကြောင်းသိချင်တယ်၊ ပြည်နယ်ထဲက တော်ဝင်မျိုးနွယ်တွေနဲ့ သူတို့ရဲ့ အိမ်တော်အကျယ်အဝန်းတွေအကြောင်း မင်းကြားဖူးလား?"

Your Majesty is annoying (Myanmar Translation)Where stories live. Discover now