အပိုင်း (၉၁) 🚨

4.2K 140 3
                                    

{Unicode}

"Gasp!"

လုခ် သူ့ရဲ့ အိပ်မက်စိုကနေ နိုးထလာပြီးနောက် စောင်ကိုမကာ သူ့ရဲ့ ညအိပ်ဝတ်စုံကို စစ်ဆေးကြည့်လိုက်သည်။

ဘုရားရေ... ငါက အိပ်မက်ထဲ မြို့စားပေါ် ကျူးလွန်နေရတယ်လို့...

[မင်း ရူးများရူးသွားပြီလား?]

ဒါက သူ့မသိစိတ်ကနေ အိပ်မက်အနေနဲ့ ဖန်တီးလိုက်မှု သက်သက်သာဖြစ်သည်။ မြို့စားက တကယ့်မြို့စားအစစ်မဟုတ်ပဲ မြို့စားရဲ့ ညီမ၊ အိမ်တော်က မိန်းမပျိုဖြစ်ရင်တောင် သူမက ဒါမျိုး ဘယ်တော့မှ လုပ်လိမ့်မည်မဟုတ်ပေ။ ငါလဲ 'ဒါမျိုး' လုပ်ဖို့ စိတ်ကူး နည်းနည်းလေးမှ ရှိမနေဘူး..

"တကယ်လို့ မြို့စားက မိန်းကလေး မဟုတ်ဘူးဆိုရင်ရော...?"

အိပ်မက်ထဲတွင် သူ့လက်မောင်းတွေထဲ ပွေ့ဖက်ခဲ့ရတဲ့ စီရီရာ့ခန္ဓာကိုယ်က နူးညံ့ကာ ချစ်ဖို့ ကောင်းလှသည်။ သို့သော် အဲ့ဒါက အိပ်မက်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ သူက သေချာပေါက် ယောကျာ်းပဲ ဖြစ်ရမယ်!! သူ့ခန္ဓာကိုယ်က...

[မဟုတ်သေးဘူး၊ ဒါက ဘာလို့ အရေးကြီးနေရပြန်တာလဲ...]

မြို့စားပဲဖြစ်ဖြစ်၊ မြို့စားညီမပဲဖြစ်ဖြစ် သူနဲ့ မဆိုင်သော ကိစ္စပင်။ ဒါမျိုး အိပ်မက်မက်တာ ငါ့ကိုယ်ငါတောင် မယုံနိုင်ဘူး....

[ဒါက ငါ့ရဲ့ ထိန်းချုပ်ထားတဲ့ လိင်စိတ်ကြောင့်များလား?]

လုခ် အိပ်ရာထဲကထပြီး ရေချိုးခန်းထဲ ဝင်လိုက်သည်။

သူ့အဝတ်တွေ ချွတ်ကာ ရေအေးနဲ့ သူ့ကိုယ်သူ ဆေးကြောနေဆဲမှာပင် သူ့အိပ်မက်ထဲက စီရီရာ့ပုံရိပ်ကို မဖျောက်ဖျက်နိုင်ပေ။

"ရှင် ကျွန်မကို အဲ့ဒီမျက်လုံးတွေနဲ့ အမြဲကြည့်နေတာ... ကျွန်မ သိပါတယ်..."

သူမ သူ့ကို မြူစွယ်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေမှန်း အမှတ်ရလိုက်တော့ သူ့ခန္ဓာကိုယ်က တင်းမာလာသည်။ စီရီရာ့ရဲ့ နူးညံ့တဲ့ အထိအတွေ့ကို အမှတ်ရရင်း လုခ် သူ့စိတ်ဆန္ဒကို ထိတွေ့လိုက်သည်။

"အာ့..."

နောက်ဆုံးတော့ သူ ပြီးမြောက်သွားပေမဲ့ သူ့နှလုံးသားက သက်သာရာ ရမသွားပေ။ လုခ် ပူနွေးနေတဲ့မျက်နှာနဲ့ သက်ပြင်းတချက်ချလိုက်သည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now