အပိုင်း (၃၇)

4.3K 214 2
                                    

{Unicode}

တောက် တောက် တောက် တောက်...

လိုင်လ့်လက်ချောင်းတွေ စားပွဲခုံခေါက်နေသည်မှာ နှစ်နာရီတိတိရှိလေပြီ။

တခြားလူသာဆိုရင် စကားထောင်ပေါင်းများစွာ ပြောပြီးလောက်ပြီဖြစ်သော်လည်း သူ့ရှေ့က လူက ဘုရင်ဖြစ်နေသဖြင့် ဆစ်ခ် စိတ်ထိန်းနေရသည်။

[ဘာလို့လဲ... ငါဘာလို့များ ဘုရင့်လက်ထောက် လာဖြစ်ရတာလဲ?]

ဒီရာထူးက မည်သည့် မျိုးနွယ်မဆို တပ်မက်ကာ လိုချင်ကြသည့်ရာထူးဖြစ်ပေမဲ့ ဆစ်ခ်ကတော့ သူ့ရာထူးနေရာကို စိတ်ဝင်စားသည့် ဘယ်သူ့ကိုမဆို လွှဲပစ်ချင်သည့်စိတ်အခြေအနေပင်။

"အရှင်မင်းကြီး စိတ်အနှောက်အယှက်ဖြစ်နေတာလား"

ဆစ်ခ် ဂရုတစိုက်နဲ့ မေးလိုက်တော့ စားပွဲခေါက်နေတဲ့ လက်ချောင်းတွေက ရပ်သွားသည်။

လိုင်လ်က မျက်နှာပုပ်သိုးသိုးဖြင့် ဒီဘက်လှည့်လာသည်။

"နိုး"

"ပြဿနာဖြေရှင်းချင်ရင် ထုတ်ပြောမှ ဖြေရှင်းလို့ ရမှာ။ ပြဿနာဆိုတာ ဖြေရှင်းဖို့ပဲလေ။ ကျွန်တော်မျိုးကို ပြောပြပါလား ဘုရား။ အရှင့်ရဲ့ အား ဖြစ်ပေးပါ့မယ်"

ဆစ်ခ်က တလက်လက်တောက်ပနေတဲ့ မျက်လုံးများနဲ့ ရိုရိုကျိုးကျိုး ပြောလိုက်ပေမဲ့ လိုင်လ့်မျက်နှာက အေးစက်နေတုန်းပင်။

"အိုကေ.. အိမ်ပြန်တော့။ လုပ်စရာ မလုပ်ရှိတော့ဘူး"

"ဟေးးး ဟိုး"

လွှတ်ခနဲ ထအော်မိလိုက်တဲ့ ဆစ်ခ်က မယုံနိုင်သလို လိုင်လ့်ကို လှမ်းကြည့်သည်။

လိုင်လ်က သူ့ကို သတ်တော့မလိုမျက်လုံးတွေနဲ့ ပြန်ကြည့်လာသည်။

"သွားတော့"

"အိုး အိုကေ။ ဒါဆို မနက်ဖြန်တွေ့ပါမယ် အရှင်"

လိုင်လ့်ခွန်အားဖြစ်ပေးမယ်ဆိုတဲ့ ဆစ်ခ်စကားက လေထဲမှာ ပျောက်ကွယ်သွားကာ ထပ်ကြာကြာနေရင် ရုံးခန်းထဲ ပြန်ဆွဲထားခံရမှာ ကြောက်ပုံနဲ့ ကုတ်အကျီယူကာ ခပ်မြန်မြန်ပြန်သွားသည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now