အပိုင်း (၄၄)

3.8K 264 10
                                    

{Unicode}

သူ မျှော်လင့်ထားပေမဲ့ သူပြင်ဆင်ထားတာထက် ပိုပြီး စိတ်ဆိုးနေတဲ့ မျက်နှာကို လိုင်လ်တွေ့လိုက်ရသည်။

အရင်ဧကရာဇ်အသက်ရှင်နေတုန်းကတောင် ဒီအချိန်လောက် ဒုက္ခရောက်ပြီလို့ သူမခံစားခဲ့ဖူးပေ။ မယ်ဒီရာထိုင်နေတဲ့ ဧည့်ဆောင်ထဲ လိုင်လ်ဝင်လိုက်တာနဲ့ လက်ဖက်ရည်စားပွဲရှေ့ထိုင်နေတဲ့ မယ်ဒီရာက ခေါင်းလှည့်လာပြီး မျက်စောင်းထိုးလာသည်။

သူ့ကျောတပြင်လုံး ချွေးစေးပြန်လာသလို တဖက်ကလဲ သူ့စိတ်ထဲက အသံသေးသေးလေးက 'သူမက သိပ်ချစ်ဖို့ကောင်းတာပဲ'ဟု သတိပေးနေပြန်သည်။

[အားး မင်းတော့ ရူးနေပြီဟ]

"မီလီ"

လိုင်လ် မယ်ဒီရာ့နာမည်ကို ခေါ်လိုက်ပြီးနောက် အပျိုတော်တွေနဲ့ အစေခံတွေကို လှမ်းကြည့်လိုက်သည်။ သူတို့က ဘုရင့်အကြည့်ကို ချက်ချင်းသတိထားမိသွားကာ ဧည့်ဆောင်ထဲက မြန်မြန်ထွက်သွားသည်။

"...ကျွန်မကို ပေး"

"ဘာကိုလဲ?"

"ကျွန်မ မောင်ဆီကစာ"

သူမတောင်းဆိုတာကို ကြားလိုက်တာနဲ့ လုခ်ဆီက လာတဲ့စာကို တောင်းနေတဲ့ မယ်ဒီရာ့ဆီ လိုင်လ် အကြည့်ရောက်သွားသည်။

မင်းအခုမှ ဘာလို့များ နယ်စားလေးဆီ စာရေးနေတာလဲ? နယ်စားလေးဆီက ဘာများတောင်းဆိုချင်လို့လဲ?

စီရီရာနဲ့ သူမ မောင်တွေကို ကယ်ဖို့ လုခ့်အကူအညီကို မယ်ဒီရာ လိုနေပေမဲ့ ထိုအကြောင်းတွေကို မသိတဲ့ လိုင်လ်ကတော့ မယ်ဒီရာက ကွာရှင်းဖို့ ပြင်နေသည်ဟုသာ သံသယဝင်နေလေသည်။

"မင်း မောင်လေးကို မှတ်မိလို့လား?"

"နိုး၊ ဒါပေမဲ့ ကျွန်မတို့တွေ့ရင် မှတ်မိရင် မှတ်မိမှာပေါ့"

"မင်းက သူနဲ့ ဘယ်တုန်းကမှ မရင်းနှီးခဲ့ဘူး။ အဲ့အပြင် သူစာပို့တိုင်း မင်းစိတ်အနှောက်အယှက်ဖြစ်လေ့ရှိတဲ့အပြင် ပြန်စာလဲ ဘယ်တုန်းကမှ မရေးဖူးဘူး"

လိုင်လ်က အရင်မယ်ဒီရာ့အပေါ် ဖော်ဖော်ရွေရွေမရှိခဲ့ပေမဲ့ သူမနဲ့ နယ်စားအိမ်တော်ကြားက ဆက်ဆံရေးကိုတော့ မျက်စိဒေါက်ထောက်ကြည့်ခဲ့သည်သာ။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now