အပိုင်း (၉၉) 🚨

4K 121 3
                                    

{Unicode}

[ဒီရက်တွေအတွင်း အရှင်မင်းကြီးရဲ့ ပုံစံအရဆို အမတော်သာ ငါ့ကို ကာကွယ်ပေးရင် အဆင်ပြေမယ်လို့ ထင်တယ်]

ယခင်ကပင် မယ်ဒီရာ့အမှားက ဆိုးဆိုးရွားရွားမဖြစ်သရွေ့ ဧကရာဇ်က သူမကို ကာကွယ်ပေးလေ့ရှိသည်။ အခု သူမက ဧကရာဇ့်ကိုယ်ဝန်ကို လွယ်ထားရပြီမို့ ကျားကို အတောင်ပံတပ်ပေးလိုက်သလိုပင်။

[အမတော်က မြို့စားဟက်စတီးရားရဲ့ ဘဝမှန်ကို သိနေတာ သေချာသလောက်ပဲ... ဒါပေမဲ့ ကျိန်းသေအောင်တော့ မေးမြန်းရမယ်]

တော်ဝင်မိသားစုထံမှ တရားဝင်ခန့်အပ်စာ ရလာပြီဖြစ်ပေမဲ့ ကြီးကြီးမားမား ဘာမှ မကျူးလွန်ရသေးခင်ဖြစ်သည်။ မယ်ဒီရာက ဘာမှမသိပဲ ဧကရာဇ်ကို တောင်းဆိုခဲ့တာဆိုရင် အမှန်အတိုင်းပြန်ပြင်လို့ ရသေးသည်။

"ဆာဟက်စတီးရာ ကျွန်တော် ခင်များနဲ့ ဆွေးနွေးစရာ ရှိတယ်"

လုခ်သဘောထားကို ခန့်မှန်းနေမိသလိုမျိုး စီရီရာ့မျက်နှာ တင်းမာသွားသည်။ သူ့စိတ်ထဲ ခဏလောက်နာကျင်သွားရပေမဲ့ ဒါက ရှောင်လွှဲလို့မရမှန်း လုခ်သိသည်။ သူ ပထမတွေးထင်ထားတာထက်ပင် ဟက်စတီးရားမိန်းမပျိုကို သဘောကျနေရသည်။

"ဧကရီအရှင်မရဲ့ ကိုယ်ရံတော်အဖြစ် တာဝန်ယူရမဲ့ ကိစ္စနဲ့ ပတ်သက်နေတယ်"

သူက နယ်စားမင်းကရစ်ခ်ရဲ့ အိမ်တော်မှာ နေသည်ဆိုသည့်အချက်ကြောင့် စီရီရာကို နယ်စားဆီက သူရဲကောင်းအနေနဲ့ မှတ်ယူလို့ရသည်။ ဧကရီရဲ့ ကိုယ်ရံတော်အဖြစ် ခန့်အပ်ခြင်းခံရပြီးသည့်နောက်မှ စီရီရာရဲ့ ဘဝမှန် ပေါ်သွားခဲ့ရင် နယ်စား တာဝန်ခံရပေလိမ့်မည်။

စီရီရာ ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။

"ကျွန်တော့်ရုံးခန်းကို တက်လာခဲ့"

****
[ဒီချိန်လောက်ဆို သတင်းစကားရောက်နေလောက်ပြီ]

အိပ်ရာထဲလှဲကာ လိုင်လ့်အထိအတွေ့အောက်က မယ်ဒီရာက စီရီရာ ဘယ်လို တုံ့ပြန်မလဲ တွေးနေမိသည်။ သူမက သူရဲကောင်းတစ်ယောက်ဖြစ်ချင်တာမို့ ဧကရာဇ်ဆီက အသိအမှတ်ပြုခံရတဲ့ သူရဲကောင်းဖြစ်လာကာ မယ်ဒီရာရဲ့ ကိုယ်ရံတော်ဖြစ်လာခြင်းအပေါ် သူမ ဝမ်းသာပေလိမ့်မည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now