အပိုင်း (၈၉)

2.4K 112 3
                                    

{Unicode}

"ဒါ..ဒါနဲ့ မြို့စားဟက်စတီးရားရော ဘယ်လိုနေလဲ? ကြိုးကြိုးစားစား လေ့ကျင့်ရဲ့လား?"

မယ်ဒီရာ စီရီရာ့အကြောင်း မေးလိုက်တာနဲ့ လိုင်လ့်မျက်နှာ ဖြူဖျော့သွားသည်။ လုခ် လိုင်လ့်ကို တချက်လှမ်းကြည့်ကာ မယ်ဒီရာကို ပြန်ဖြေသည်။

"သူ ကောင်းကောင်းနေပြီး ကောင်းကောင်းလဲ လေ့ကျင့်နေပါတယ်"

သူ ဒီကို ရောက်တုန်း လုခ်က မြို့စားရဲ့ လျို့ဝှက်ချက်ကို မေးချင်ပေမဲ့ လိုင်လ်က အနားမှာ ရှိနေတာမို့ မေးလို့မရပေ။

မြို့စားက အမျိုးသမီးဖြစ်မှန်း လိုင်လ်သာ မသိသေးရင် ဧကရာဇ်မင်းမြတ်ကို လိမ်လည်လှည့်ဖြားမှုဖြင့် ပြင်းပြင်းထန်ထန်အပြစ်ပေးခံရပေမည်။ နှုတ်ဆက်စကားတို့ ဆိုပြီးလေပြီမလား?

[သူမ သူရဲကောင်းစစ်ဆေးပွဲ ဝင်ချိန်ဆို ငါ့ဗိုက်က အတော်ကြီးနေမှာလား?]

မယ်ဒီရာက လိုင်လ့်ရဲ့ မကျေမချမ်းဖြစ်မှုနဲ့ စိတ်ကောက်နေပုံ မျက်နှာပေးကို သတိမမူစွာနဲ့ သူ့ကို ကြည့်ရင်း ပြုံးလိုက်သည်။ သူမရဲ့ အပြုံးကြောင့် လိုင်လ် စိတ်သက်သာရာရသွားသည်။

[ငါ စီရီရာ့အကြောင်းပြောတိုင်း စိတ်တိုနေတော့မှာလား? သူတို့နှစ်ယောက်ကြားမှာ လျို့ဝှက်တဲ့ ဆက်ဆံရေးရှိဖို့က မဖြစ်နိုင်ဘူးလေ]

နောက်ဆုံးကျန်တာက လုခ်ပင်၊ ဒုတိယအမျိုးသားဇာတ်ကောင်။

မယ်ဒီရာ လုခ့်မျက်နှာကို လှမ်းကြည့်လိုက်သည်။ လုခ်က တစ်ယောက်နဲ့ တစ်ယောက်သဘောကျနေတဲ့ ဧကရာဇ်နဲ့ သူ့ဇနီးကို စိတ်ရှုပ်ထွေးနေပေမဲ့ ပျော်နေတဲ့ မျက်နာနဲ့ ကြည့်နေသည်။

[စီရီရာနဲ့ လုခ်ကရော အဆင်ပြေပါ့မလား? တကယ်လို့ အဆင်ပြေခဲ့ရင် လုခ်အတွက် ကောင်းမှာပဲ]

သူမနယ်မြေက အမြောက်အမြားထွက်ရှိလာတဲ့ mana ကျောက်တွေကြောင့် စီရီရာက နယ်ကတက်လာတဲ့ မိန်းမပျိုအဖြစ်ကနေ များပြားတဲ့ ခန်းဝင်ပစ္စည်းတွေနဲ့ ချမ်းသာတဲ့ မိန်းမပျိုလေး ဖြစ်လာလေပြီ။ သူမက ဘုရင်မ ဒါမှမဟုတ် နယ်စားကတော် မဖြစ်ထိုက်သေးဘူးလို့ လူအများက ပြောကြမှာပေမဲ့.. အနည်းဆုံးတော့ နယ်စားဘက်ကသာ နေရင် သူမ ဒီလောက်ထိ အနှိမ်ခံရမည်မဟုတ်ဟု ထင်သည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now