အပိုင်း (၃၁)

5K 244 8
                                    

{Unicode}

လိုင်လ် အိပ်မပျော်နိုင်ဖြစ်နေလေသည်။  ပင်မနန်းဆောင်ဆီ မလာခင် မယ်ဒီရာ့ကို သွားတွေ့ပြီး ပွေ့ဖက်ခဲ့တာကို နောင်တရနေသည်။

ထိုအချိန်က... သူ့ဆန္ဒကို မလွန်ဆန်နိုင်ပဲ မယ်ဒီရာ့ကို ပွေ့ဖက်ခဲ့ပေမဲ့ ဒီနေ့ည မယ်ဒီရာ့ဆီသွားမတွေ့ဟု စိတ်ဆုံးဖြတ်ထားသည်။

ထို့နောက် လိုင်လ် အိပ်ရာထဲ လူးလိမ့်နေသည်မှာ ငါးနာရီခန့်ရှိနေပေပြီ။

"သောက်ခွေး"

သူမျက်လုံးမှိတ်လိုက်တိုင်း မယ်ဒီရာရဲ့ အဝတ်မဲ့ ခန္ဓာကိုယ်က ပေါ်ပေါ်လာသည်။

သူမက နန်းဆောင်ထဲ သုတ်ရည်တွေ ပေပွလို့ သူ့လက်ထဲ ငိုနေတဲ့ ပုံရိပ်တွေ၊ သူ့ကို အပြာရောင်မျက်ဝန်းရွဲတွေနဲ့ မော့ကြည့်နေတဲ့ ပုံရိပ်တွေ။

"တော်သင့်ပြီ!!"

လိုင်လ် ကိုယ့်ကိုကိုယ် ဒေါသထွက်ရင်း အိပ်ရာက ထထိုင်လိုက်သည်။

သူ့မျက်လုံးတွေ ဖွင့်ထားရင် အိပ်လို့မရပဲ မျက်လုံးတွေ ပိတ်လိုက်ရင် မယ်ဒီရာ့ အကြောင်းက ခေါင်းထဲရောက်လာသည်။

ဒါက ပုံမှန်မဟုတ်ပေ။ သူ မယ်ဒီရာ့အပေါ် ဒီလို ခံစားနေရမယ်လို့ ဘယ်သူက ထင်မှာလဲ။

ဘယ်လိုများ သူက မယ်ဒီရာ့အပေါ် ခံစားချက်ရှိနေတာလဲ။

"... သူ့ကို သွားရှာမယ်ကွာ။ နိုး... ငါ ထပ်မသွားတော့ဘူး။ နောက်လဲ နောက်ကျနေပြီ။ ဒီချိန်လောက်ဆို မယ်ဒီရာ အိပ်နေလောက်ပြီ"

"....."

ငါတို့ သူအိပ်နေတဲ့ပုံ သွားကြည့်ကြမလား။ ဒါဆို မယ်ဒီရာလဲ မသိဘူးလေ။

ဒါပေါ့။ ကိုယ်ရံတော်တွေနဲ့ ဘုရင်မနန်းဆောင်က လူတွေတော့ သိမှာပေါ့။ ဒါမဲ့ သူတို့ ပါးစပ်တွေကို ဘုရင့်အမိန့်နဲ့ ပိတ်လို့ ရတာပဲ။

အိပ်ရာထဲ လူးလိမ့်ကာ စိတ်ညစ်နေတဲ့ လိုင်လ်က နောက်ဆုံးတော့ ထိုင်နေရာက ထလိုက်သည်။

*****

ရုတ်ရုတ်သဲသဲ မလုပ်ဖို့ အမိန့်ရပြီးတဲ့နောက် ကိုယ်ရံတော်တွေက အမိန့်အတိုင်း တိတ်တဆိတ်လှုပ်ရှားနေသည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now