အပိုင်း (၁၁၆)

1.8K 76 13
                                    

{Unicode}

"ဆာဟက်စတီးရား"

ချောင်းဟန့်ရင်းဖြင့် သူမအထက်အရာရှိဖြစ်သူ အဲလက်စ်က လှမ်းခေါ်သည်။ စီရီရာက အလောတကြီး သူ့နား လှမ်းသွားသည်။ အဲလက်စ်က စီရီရာထံ ခိုးကြည့်နေသည့် မိန်းကလေးအစေခံများထံ လှမ်းကြည့်ရင်း ဆိုသည်။

"မင်းနဲ့ သူတို့ကြားက ဆက်ဆံရေးကို ငါ မဆိုးရွားစေချင်ပေမယ့် စကားပြောဖို့ ကြိုးစားလာတိုင်း လက်ခံစရာတော့ မလိုဘူး၊ ငါဆိုလိုတာကို နားလည်တယ်မလား?"

"ဟုတ်ကဲ့"

အဲလက်စ်ပုံစံက တစ်ခုခုထပ်ပြောလိုဟန် ရှိသော်လည်း ထိုစကားမျှဖြင့်သာ ရပ်တန့်သွားပြီး အသံတိတ်သွားသည်။

မြို့စား၏ ပိန်သွယ်သည့် ခန္ဓာကိုယ်နှင့် ခပ်ချောချောမျက်နှာကို သူ သဘောမကျလှသော်လည်း သူ(စီရီရာ)က ဧကရီအရှင်မထံမှ ညွှန်းဆိုခြင်း ခံရသူဖြစ်သည်။ သူက နယ်စားကရစ်ခ်အိမ်တော်မှ ဧည့်သည်တော်တစ်ဦးဖြစ်ကာ အရှင်မနှင့် ကိုယ်ရေးကိုယ်တာ ရင်းနှီးဆက်နွယ်မှု ရှိပုံရသည်မိုါ သူတို့အချင်းချင်း တည့်ရှုမှုမရှိလျှင် သူ့အတွက် ခက်ခဲလာပေမည်။

(သူက ဓားတောင် ကောင်းကောင်းကိုင်နိုင်ပါ့မလားလို့ ငါ သံသယဝင်မိတယ်.... ဧကရီက ဒီလိုလူမျိုးကို ဘာလို့များ အနားခေါ်ထားချင်ရပါလိမ့်?)

အဲလက်စ် ခေါင်းယမ်းကာ သူတို့စောင့်ကြပ်ရာနေရာဆီ ပြန်ပြေးသွားသည့် မြို့စား၏ ကျောပြင်ကို လှမ်းကြည့်သည်။

****
(ကိုယ်ဝန်ဆောင်တွေက ပိုအအိပ်များတာလား?)

သူမမျက်ဝန်းတို့ ဖြည်းညှင်းစွာဖွင့်ရင်း မယ်ဒီရာ တွေးတောသည်။ သူမ နည်းနည်းပိုအိပ်ဖို့ ကြိုးစားပေမယ့် ဗိုက်ဆာလာတာမို့ လက်လျှော့လိုက်သည်။

(ငါတို့တွေ စားပြီးမှ ထပ်အိပ်ကြမလား?)

သူမ စားသောက်ပြီးသည်နှင့် အိပ်ငိုက်လာတာမို့ ထပ်အိပ်လိုသော်လည်း.....

(မဟုတ်သေးဘူး! သူမက ခေတ်သစ်ဆေးပညာမရှိတဲ့ အလယ်ခေတ်မှာ ကိုယ်ဝန်ဆောင်နေတာ! ဒီခေတ်မှာ အသက်ရှင်နှုန်းက ပိုမြင့်တယ်မဟုတ်ဘူးလား? ငါ ကိုယ်အလေးချိန် အများကြီး တက်လို့ မဖြစ်ဘူး၊ ရှောရှောရှူရှူ ကလေးမွေးနိုင်မှ ဖြစ်မယ်)

You've reached the end of published parts.

⏰ Last updated: Feb 15 ⏰

Add this story to your Library to get notified about new parts!

Your Majesty is annoying (Myanmar Translation)Where stories live. Discover now