အပိုင်း (၉၈)

1.8K 146 22
                                    

{Unicode}

တံခါး တိတ်တဆိတ်ပိတ်သွားပြီးနောက် လိုင်လ် မယ်ဒီရာကို သလွန်ပေါ် တွဲတင်လိုက်ကာ အဖော်ပြုပေးနေသည်။

"တစ်ယောက်ယောက်က စိတ်ရှုပ်အောင်များ လုပ်သလား?"

လိုင်လ့်ရင်ဘတ်ထဲ ခေါင်းဝှက်ထားလျက်ပင် မယ်ဒီရာ ခေါင်းယမ်းလိုက်ကာ သူမလက်တွေက အသက်ရှင်ဖို့ ပြင်းပြနေသူလိုမျိုး သူ့ကို တင်းတင်းဆုပ်ကိုင်ထားသည်။

"အဲ့ဒါကြောင့်မဟုတ်ဘူး... ကျွန်မက အခု တယောက်ထဲ မဟုတ်တော့ဘူး၊ ဗိုက်ထဲက ကလေးကို စဉ်းစားမိလိုက်တိုင်း စိတ်ပူလာတယ်"

"ဟမ်း..."

သူ့ရင်ဘတ်ကို မှီနေတဲ့ မယ်ဒီရာ့ဦးခေါင်းထိပ်ကို လိုင်လ် ငုံ့ကြည့်လိုက်သည်။

ငါ့ရဲ့လူ။

ဒါက သူ့ရဲ့ သွေးသားရင်းကို လွယ်ထားရတဲ့ သူဖြစ်သည်။

"မယ်ဒီရာ... မင်းတယောက်ထဲ မဟုတ်ပါဘူး၊ ကိုယ် မင်းဘေးမှာ ရှိနေတယ်လေ၊ ဘာမှ ကြောက်စရာမလိုဘူးနော်"

သူ့မယ်တော်နဲ့ ဆင်တူတဲ့ ကမ်မလီရာလို့ ခေါ်တဲ့ ချောမောတဲ့ အမျိုးသမီးကို မြင်တာတောင် လိုင်လ်ဘာမှ မခံစားရပေ။ ယောကျာ်းတစ်ယောက်အနေနဲ့ ခံစားရမဲ့ စိတ်ဆန္ဒတွေအစား မိန်းမချောနောက်ကွက်က လှည့်ကွက်တွေကိုသာ သူမြင်သည်။

သူမ ကတာကို ကြည့်နေရင်းပင် လိုင်လ် မယ်ဒီရာ့ကို တွေးမိကာ သူမအစားဝမ်းနည်းလာသည်။

ကိုယ်ဝန်အစောပိုင်းကာလတွေက အရေးကြီးဆုံးဖြစ်ကြောင်း သူကြားဖူးကာ... ထိုကိစ္စနဲ့ ပတ်သက်ပြီး သူမက အထူးသဖြင့် ထိရှလွယ်နေပေလိမ့်မည်။

"ဒါဆို... ကျွန်မကို စောင့်ရှောက်နေတဲ့ ကိုယ်ရံတော်အရေအတွက်ကို တိုးပေးပါ"

"အစောင့်တွေ?"

သူမက ကလေးရှိနေပြီမို့ ဒါက မသင့်တော်သည်တော့မဟုတ်။ ဧကရီအတွက်ရောက်လာတဲ့ လက်ဆောင်တွေမှာ ပါလာတဲ့အဆိပ်နဲ့ ကျိန်စာတွေအကြောင်းတွေးမိကာ လိုင်လ် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ အဲ့လိုလုပ်တာပေါ့"

"ဒါဆို... ကျွန်မရဲ့ ကိုယ်ရံတော်အနေနဲ့ မြို့စားဟက်စတီးရားကို ခန့်ချင်တယ်"

Your Majesty is annoying (Myanmar Translation)Where stories live. Discover now