အပိုင်း (၂၆) 🚨

9.3K 291 9
                                    

{Unicode}

လိုင်လ်က ချိုမြိန်တဲ့ ခံစားမှုကြောင့် ဖြစ်လာတဲ့ ကြည်နူးမှုအရသာကို တစိမ့်စိမ့်ခံစားနေမိသည်။ သူမှတ်မိတာထက်ပင် ပို၍ ချိုမြိန်နေသေးသည်။

သူမရဲ့ နူးညံ့မှုမှာ ယစ်မူးပြီး သူ့နှလုံးသားအလိုအတိုင်း သူမနှုတ်ခမ်းတွေကို စုပ်ယူနမ်းရှိုက်နေမိသည်။ သူ့လက်တွေကြားက မယ်ဒီရာက ရုန်းကန်လာပြီး

"ဟားး၊ အင်း ဟင်း"

သူမက သူမနှာခေါင်းကနေတောင် အသက်ရှုမရသည်ထိ မွန်းကြပ်လာသောကြောင့် အော်ဟစ်လိုက်မိသည်။ ကြည့်ရတာ အနမ်းခံရတာကို တရက်ထဲနဲ့ ကျင့်သားမရဘူး ထင်ပါရဲ့။

လိုင်လ် ပြုံးလိုက်ပြီး မယ်ဒီရာ့ကိုယ်ကို အနားကို ဆွဲယူလိုက်သည်။ သူမ တကယ်လို့ ကျင့်သားမရသေးရင် သူက အခုချိန်ကစပြီး သင်ပေးလို့ ရတာပဲ။ ဒီအကြောင်းကြောင့်နဲ့တော့ ခွဲနေစရာ မလိုပါဘူး။

"အာ... အင်း။ ဖူး.."

လိုင်လ်က လှုပ်ခတ်နေတဲ့ နှုတ်ခမ်းတွေနဲ့ မယ်ဒီရာ့ကို ဖက်ထားလေသည်။ သေးငယ်ပြီးသေးသွယ်တဲ့ ခန္ဓာကိုယ်လေးကို သူ့လက်တွေထဲ ဖက်ထားရတာ ကောင်းလိုက်တာ။

သူက သူမရဲ့ နူးညံ့တဲ့နှုတ်ခမ်းတွေမှာ ယစ်မူးနေပြီး မယ်ဒီရာ့တံတွေးနဲ့ ရောယှက်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ အသက်ရှူသံခပ်ပြင်းပြင်းတချို့ ထွက်လာသည်။

"ဟား... မီလီ... မင်းဘာလို့များ ဒီလောက်ထိ ချိုမြိန်နေရတာလဲ"

သူ ခပ်တိုးတိုးရေရွတ်ကာ မေးခွန်းထုတ်လိုက်မိသည်။

သို့သော် မယ်ဒီရာက ပြန်ဖြေနိုင်တဲ့ အခြေအနေမျိုးတော့ မဟုတ်ပေ။

လိုင်လ်က သူ့တံတွေးတွေ စိုနေပြီး မောဟိုက်နေတဲ့ မယ်ဒီရာ့ကို ကျေနပ်စွာ ကြည့်လိုက်သည်။

သူ့ရဲ့ အားနေတဲ့ လက်တဖက်နဲ့ မယ်ဒီရာ့အကျီက ကြိုးကို ဖြည်ချလိုက်သည်။

ထို့နောက် မိန်းမောနေတဲ့ မယ်ဒီရာက အသိဝင်လာဟန်ဖြင့် လိုင်လ့်ကို ကြည့်လာလေသည်။

"အာ? ရှင်ဘာလုပ်တာလဲ...?"

"မင်း လိင်စိတ်ကြွစာအုပ်တွေ ဖတ်နေတာ ကိုယ်နဲ့ အတူနေချင်လို့ မဟုတ်ဘူးလား"

Your Majesty is annoying (Myanmar Translation)Where stories live. Discover now