အပိုင်း (၂၅) 🚨

10K 325 11
                                    

{Unicode}

ထူးဆန်းလိုက်တာ။

မယ်ဒီရာ့ကို သူ ဒီလိုမျိုး အနီးကပ်မမြင်ခဲ့ဖူးမှန်း လိုင်လ် သတိထားမိသွားသည်။

အခုတော့ သူတကယ်ပဲ အနီးကပ်ကြည့်ရင်တောင် သူမကိုယ်ထဲ အရင် မယ်ဒီရာကို ရှာမတွေ့နိုင်တော့ပေ။

အတိတ်မမေ့ခင်က မယ်ဒီရာက အမြဲတစေ ဒေါသေထွက် ငိုကြွေးနေတတ်ပြီး ကြောက်စရာကောင်းအောင် ရက်စက်သူဖြစ်သည်။

ထို့ကြောင့်ပင် အရင်မယ်ဒီရာ့ပုံစံကို ပြန်မြင်ပြီး သူ့ဘာသာ ကယ်တင်ဖို့အတွက် လိုင်လ်က သူမကို စိတ်ဆိုးအောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

'ဘယ်လိုလုပ်မလဲ'

ရုတ်တရက် မနေ့ညက အဖြစ်အပျက်ကို သူသတိရသွားသည်။ သူမ သတိလက်လွတ်ဖြစ်သွားတာနဲ့ မယ်ဒီရာက ငိုပြီး သူ့အား တွယ်ကပ်နေခဲ့သည်မလား။ လိုင်လ် မနေ့ညကို သတိရလိုက်တာနဲ့ တပြိုင်နက် သူ့အောက်ပိုင်းတခုလုံး ပူနွေးလာပြီး သူ့အတွေးတွေကနေ ကိုယ့်ဘာသာ အာရုံထွေပြားအောင် ကြိုးစားရတော့သည်။

အန္တရာယ်များတော့မလို့။

"ငါမယ်ဒီရာ့ကို စိတ်ဆိုးအောင်လုပ်ရင် တကယ်ပဲ အဆင်ပြေပါ့မလား"

သူ ကိုယ့်ကိုကိုယ်တော့ ယုံကြည်မှုသိပ်မရှိ။ သို့သော် ရန်ဖြစ်ဖို့က သိပ်တော့ မခက်လှ။ မနေ့ညက သူတို့ အတူမအိပ်ခင်ပင် ရန်ဖြစ်ခဲ့သေးသည်မလား။

"ဟင်းး"

"အားးးူ"

တခုခုကို ရှာပုံရတဲ့ မယ်ဒီရာက ရုတ်တရက် အော်ဟစ်လိုက်ပြီး သူမကိုယ့်ဘာသာ ကာကွယ်ဖို့ စာအုပ်ကိုပင် ခပ်တင်းတင်းဖက်ထားလိုက်သေးသည်။

သူမ ဒီလောက်ထိ လန့်သွားမယ်မှန်း မထင်ထားတဲ့ လိုင်လ်က ရှက်သွားရသေးသည်။

"မင်း ဘာလို့ ဒီလောက်လန့်သွားရတာလဲ"

"ရှင်က ဘာလို့ ခိုးကြောင်ခိုးဝှက်လာတာလဲ"

မယ်ဒီရာက လိုင်လ့်ကို မျက်စောင်းထိုးရင်း မေးခွန်းပြန်ထုတ်သည်။

ထို့နောက် တစုံတခုကို သတိရသွားဟန်ဖြင့် စာအုပ်အဖုံးကို မမြင်စေရန် နောက်ကို လှန်ပြစ်လိုက်သည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now