အပိုင်း (၅၈)

3.7K 193 3
                                    

{Unicode}

မယ်ဒီရာ လိုင်လ့်နောက်ကျောကို တွေဝေတဲ့မျက်ဝန်းတွေနဲ့ စဉ်းစားရင်း ကြည့်နေလိုက်သည်။

သူမသာ အခန်းတခုခုထဲ ဝင်ပုန်းကာ တံခါးသော့ခတ်လိုက်ရင် လိုင်လ့်လက်ထဲက လွတ်မယ်လို့ ထင်နေပေမဲ့ နောက်ပိုင်းညတွေ ဘာဆက်ဖြစ်မလဲကိုလဲ တွေးပူနေမိသည်။

[ငါ ခံစားရတာ သိပ်ကောင်းပေမဲ့ ဒီတိုင်းဆက်နေဖို့ကျတော့.... ]

သူမသာ ကိုယ့်ကိုကိုယ် နည်းနည်းလောက် စိတ်လွှတ်လိုက်ရင် ဒီခံစားချက်ကို သူမ ချစ်သွားမိမည်ထင်သည်။ သူမအသိစိတ်ကို မနည်းဆွဲထိန်းထားရတာမို့ အခုချိန် လိုင်လ်နဲ့ ပတ်သက်ရမဲ့ကိစ္စ ဘာဆိုဘာမှ မလုပ်ချင်ပေ။

[ဝတ္တုထဲမှာ ဘယ်လောက်ပဲ ကောင်းတယ်ဆိုပြီး ရေးထား ရေးထား၊ ဒီလောက်ထိ ခံစားရကောင်းတယ်ဆိုတာ အဓိပ္ပါယ်ရော ရှိရဲ့လား]

လိုင်လ် သူမကို သစ္စာမဖောက်မှန်း သူမ သိပေမဲ့ သတိထားပြီး သူ့ကို စောင့်ကြည့်တာလဲ မှားတဲ့ ကိစ္စတော့ မဟုတ်။ စီရီရာကို ခေါ်ပြီး လိုင်လ်နဲ့ မျက်နှာချင်းဆိုင် မတွေ့မချင်း လိုင်လ့်ကို ချစ်ဖို့ မယ်ဒီရာမှာ အစီအစဉ်မရှိပေ။

[ငါတို့ အခုလုပ်မယ်ဆိုရင် တညလုံး အချိန်ကုန်မယ်ထင်တယ်... အကြိမ်အရေအတွက်လျှော့ချတာက ငါ့အတွက်မကောင်းဘူးလား?]

ဒီအတွက် တခုထဲသောအဖြေက နီးစပ်ရာအခန်းတွင် ပုန်းဖို့ပင်။

လိုင်လ် တခြားတဖက်က ပြတင်းပေါက်က ကန့်လန့်ကာတွေ ပိတ်နေတုန်း မယ်ဒီရာ တိတ်တိတ်လေး ခိုးထွင်ဖို့ ပြင်လိုက်သည်။

"မီလီ!"

သူမ လိုင်လ့်ရဲ့ ဒေါသသံကို ကြားလိုက်ပေမဲ့ အခန်းတံခါးပိတ်လိုက်သည်။ တံခါးအပြင်ဘက်မှာတော့ လိုင်လ် တံခါးခေါက်နေလေပြီ။

"မယ်ဒီရာ! မင်း ဒီတံခါးကို ဖွင့်မလား မဖွင့်ဘူးလား?"

"မ..မဖွင့်ဘူး! ရှင် ကျွန်မကို ထိချင်တိုင်း ထိတော့မှာ!"

"မင်းလဲ ထိလို့ ရတာပဲ!! မင်း ငါ့ခန္ဓာကိုယ်ကို ကိုင်ရတာ ကြိုက်တာပဲ!"

Your Majesty is annoying (Myanmar Translation)Where stories live. Discover now