အပိုင်း (၃၀)

5K 246 2
                                    

{Unicode}

မယ်ဒီရာက လိုင်လ် ဘာကို စိတ်ပူနေမှန်းတောင် သိပုံမပေါ်ပေ။

"ရှင်က ကမ္ဘာတစ်ခုလုံးကို အစိုးရတဲ့ ဧကရာဇ်ဖြစ်ပြီး ကျွန်မ ကျန်းမာရေးကောင်းအောင် ခရီးထွက်မှာကိုတောင် ခွင့်မပြုနိုင်ဘူးလား"

ရေချိုးပြီး အနှိပ်ခံနေရင်းနှင့် မယ်ဒီရာ စိတ်ပူလာသည်။ သူမဒဏ်ရာနဲ့ အက်ဆီးဒန့်အကြောင်း သတင်းဖုံးထားတာမို့ ဒဏ်ရာအကြောင်းပြပြီး ခရီးထွက်လို့ မရမှန်း မယ်ဒီရာ မသိပေ။

"ငါ့မှာ အချိန်ရှိပါသေးတယ်။ ဝတ္တုအတိုင်းဆိုရင် အိုင်ယန်က အခုထိတော့ လုံခြုံသေးတယ်။ အက်ဆီးဒန့်မဖြစ်ခင် ငါ သူတို့နဲ့ အဆက်အသွယ်လုပ်မှ ဖြစ်မယ်"

ကျန်းမာရေးအကြောင်းပြကာ စီရီရာ့ရဲ့ ရဲတိုက်ကို အလည်သွားပြီး မိတ်ဆွေဖွဲ့မဲ့ အစီအစဉ်က လမ်းဆုံးသွားပြီ ဖြစ်သည်။ သူမ နောက်တနည်း ထပ်ကြံရမည် ဖြစ်သည်။

သူမက ဘုရင်မ ခန္ဓာကိုယ်ထဲ ရှိနေတာမို့ တိုက်ရိုက်ဆက်သွယ်ဖို့က ခက်သည်။

"ငါ့အတွက် ခြေလက်လို သုံနိူင်မဲ့ ကြားခံလူတစ်ယောက်လိုတယ်"

ဝတ္တုထဲမှာ မယ်ဒီရာ့အကြောင်းက လိုင်လ်နဲ့ သူမမောင်ရဲ့ မှတ်ဉာဏ်တွေမှာသာ ပါလေ့ရှိသောကြောင့် ဘုရင်မအနေနဲ့ ယုံလို့ရတဲ့ လူယုံပုံသဏ္ဍာန် မဖော်ပြထားပေ။

ထို့အပြင် ဘုရင်မသေဆုံးပြီး နာရေးလုပ်မှသာ ဝတ္တုက စတာဖြစ်သည်။

"လုခ်... ငါ လုခ်ရဲ့ ပါဝါကို ဌားသုံးလို့ ရမလား"

လုခ်ဖရန်စစ်ကရစ်ခ် သို့မဟုတ် ကရစ်ခ်မျိုးနွယ်ဆက်ခံသူနဲ့ နယ်စားလေးတစ်ဦးတည်းကသာ သေဆုံးသွားတဲ့ ဘုရင်မ မယ်ဒီရာကို လွမ်းဆွတ်သူဖြစ်သည်။

အမှန်ဆိုရရင် သူတို့နှစ်ယောက်က သက်သက်စီ ကြီးပြင်းလာတာဖြစ်ပြီး နှစ်ယောက်ကြားက မန်မိုရီကလဲ နည်းပါးလွန်းလှသည်။ သူ့မှာ သူမနဲ့ မှတ်ဉာဏ်များများစားစား မရှိသလို လုခ်နဲ့ ပတ်သတ်စရာအကြောင်းလဲ သူမမှာ သိပ်မရှိလှ။ ငယ်စဉ်ကတည်းက ဘုရင်မတာဝန်ကို လေ့လာခဲ့ရသောကြောင့်ပင်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now