အပိုင်း (၁၂)

5.5K 275 4
                                    

Unicode
သူ့လက်တွေကပါ သူမဝတ်ရုံကို ဖြေလျှော့နေသည်ကို ခံစားမိတော့ မယ်ဒီရာ မျက်လုံးများ ပြူးကျယ်သွားလေသည်။ အုံးစက်ရာနွှဲပွဲနေ့မို့ သူမရဲ့ ကိုယ်ကျပ်အကျီမပါပဲ ခပ်ပါးပါးဝတ်ရုံသာ ဝတ်ဆင်ထားရလေသည်။

သူမရဲ့ပခုံးသားတွေ၊ ရင်သားတွေ တဖြည်းဖြည်းပေါ်လာသည်။

ငြင်းဖို့ ကြိုးစားသည့်အနေနဲ့ သူမနှုတ်ခမ်းတွေကို ဖွင့်ဖို့ ကြိုးစားလိုက်တဲ့အချိန်မှာပဲ လိုင်လ် က သူမကို နမ်းဖို့ ဖိတ်ခေါ်ခံရသလို အတင်းဖိနမ်းလာလေသည်။ သူ့ရဲ့လျှာဖျားက သူမထဲ အတင်းဝင်ရောက်လာလေသည်။

"ဟူး... ဟူး... ဟူး"

လိုင်လ်က မောနေသော မယ်ဒီရာကို ကြည့်နေမိသည်။

"ဘုရင်မ... အသက်ရှူဦးလေ"

မယ်ဒီရာ မျက်လုံးတွေ ဖျက်ခနဲ ပွင့်လာပြီး သူမ အသက်ဝဝရှုလိုက်သည်။

"ဟာ..ဟား "

"ဒါ သူမရဲ့ ပထမဆုံးအနမ်းပဲ"

လိုင်လ်က သူမကို ထိတ်လန့်တကြားကြည့်နေမိသည်။ သူမတကယ်ပဲ အတိတ်မေ့သွားတာပဲ။ သူတို့တူတူရှိခဲ့တဲ့ ပထမဆုံးအကြိမ်တွေကအစသူမ မေ့သွားခဲ့တာ။

အဲ့လိုဆိုရင်တောင် မယ်ဒီရာရဲ့တုံပြန်မှုက ထူးဆန်းလှသည်။

သူနဲ့ သူမကြားက ဆက်ဆံရေးကို လိုင်လ် ကောင်းကောင်းမှတ်မိသည်။ သူမ အသက်ဆယ့်ခြောက်နှစ်၊ သူအသက်ဆယ့်ကိုးနှစ်မှာ လက်ထပ်ခဲ့ပေမဲ့ သူမ အသက်နှစ်ဆယ်အထိ သူလက်ဖျားနဲ့ပင် မထိခဲ့ချေ။

လိုင်လ်က ငယ်စဉ်ကတည်းက အရင်ဘုရင်ရဲ့ ကိုယ်လုပ်တော်တွေရဲ့ ကိုယ်ထိလက်ရောက် အနိုင်ကျင့်တာကို ခံစားခဲ့ရသည်။

လိုင်လ်နဲ့ အရင်ဧကရာဇ်ရဲ့ အသားရောင်က တူတူပဲမို့ သူနဲ့ ကိုယ်ဝန်ရရင်လဲ ဧကရာဇ်ရဲ့ ကလေးအဖြစ် ဟန်ဆောင်နိုင်မယ်လို့ ထင်ခဲ့ကြခြင်းပင်။

အရင်ဧကရာဇ်ရဲ့ ရက်စက်တတ်မှုကြောင့် သူအကြမ်းဖက်ခံရကြောင်း ဖွင့်မပြောနိုင်ခဲ့ပေ။ အဆုံးမှာတော့ ဧကရီမ သိသွားပြီး ကိုယ်လုပ်တော်တွေကို အဆိပ်သောက်ကာ သတ်သေခိုင်းခဲ့သည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now