အပိုင်း (၇၄)

3K 191 8
                                    

{Unicode}

ဧကရီအနားတွင် အမြဲတစေ လူလွှတ်ထားတာမို့ သူမရဲ့ လှုပ်ရှားမှုတိုင်းအတွက် လိုင်လ် ရီပို့ရနေသည်။ ပြောင်းလဲမှုတခုဖြစ်တိုင်း သတင်းတခု ရောက်လာစမြဲပင်။

မယ်ဒီရာက နယ်စားလေးနဲ့ မြို့စားကို ပြန်လွှတ်လိုက်ပြီ။ သူမရဲ့ ပြစ်ဒဏ်ကာလ ပယ်ဖျက်လိုက်တဲ့ သတင်းကို ကြားတာနဲ့ စာကြည့်တိုက်ဆီ ဦးတည်သွားသည်။ အခု သူမ စာအုပ်တအုပ်ဖတ်နေသည်။

စာအုပ်တွေက ဘာတွေများ ကောင်းနေလို့လဲ?

စာကြည့်တိုက်ရဲ့ အကောင်းဆုံးအမှတ်တရက သူတို့ကြားက ဆက်ဆံရေး အမှတ်တရဖြစ်သည်။ ထိုမှတ်ဉာဏ်ကို မယ်ဒီရာ မမေ့ကောင်းနိုင်ရာ၊ ထိုမှတ်ဉာဏ်က ထင်ထင်ရှားရှား ရှိလှသည်။

လိုင်လ် သူ့ထိုင်ခုံမှ ထရပ်လိုက်ကာ သူကြည့်ပြီးတဲ့ စာရွက်စာတမ်းတွေကို ပြန်စစ်ဆေးလိုက်သည်။ ထိုင်ခုံမှာ ပြန်ထိုင်သည်။ ထို့နောက် ပြတင်းပေါက်နား တိုးသွားပြီး သူ ဖတ်ပြီးတဲ့ ရီပို့စာရွက်တွေကို ထပ်ဖတ်လိုက်သည်။

အချိန်က ခရုသွားနေသကဲ့သို့ နှေးလွန်းလှသည်။

"....."

လိုင်လ် သူ့ကိုယ်သူ တံခါးဆီ စိတ်ပိုင်းဖြတ်ပြီး လမ်းလျှောက်သွားမှန်း သတိထားမိလိုက်ပြီး ရပ်လိုက်သည်။

[အရှင်မင်းကြီးက သိပ်ကြာကြာခံမှာလဲ မဟုတ်ပါဘူး]

ဆစ်ခ်ရဲ့ ခနဲ့ပြုံးကို သူ သတိရလိုက်တော့ (သူငြင်းနေပေမဲ့ လိုင်လ့်မျက်လုံးထဲတော့ ဆစ်ခ်သူ့ကို လှောင်နေတယ်လို့ပဲ ထင်သည်) သူ ရှေ့ဆက်မတိုးနိုင်တော့ချေ။

[ညစာ.... ညစာစားတဲ့အချိန်ထိပဲ အောင့်ထားရအောင်]

ဒါက ဘယ်လို နှိပ်စက်မှုမျိုးလဲဟု တွေးနေမိသည်။

****

"ငါတစ်ယောက်ထဲ? မင်းပြောတာက အရှင်မင်းကြီး မလာတော့ဘူး?"

"အရှင်မင်းကြီးက သူ နိုင်ငံ့အရေးနဲ့ ပတ်သက်ပြီး အလုပ်ရှုပ်နေတယ်လို့ အမှာပါးလိုက်ပါတယ်၊ အရှင့်ကို မစောင့်ပဲ အရှင်မ အရင်စားနှင့်ဖို့ မှာလိုက်ပါတယ် ဘုရား"

Your Majesty is annoying (Myanmar Translation)Where stories live. Discover now