အပိုင်း (၇၁)

2.6K 176 2
                                    

{Unicode}

မယ်ဒီရာ့ကို လက်ထပ်ပြီးနောက်ပိုင်း သူမအချစ်ကို ချွင်းချက်မရှိ ရခဲ့ပြီး သူမဘယ်လို လူမျိုးကို သဘောကျလဲ တခါမှ မတွေးခဲ့ဖူးပေ။

လိုင်လ်ကြားဖူးတာက မိန်းမတွေက စကားပြောချိုတဲ့ လူမျိုးတွေကို သဘောကျတတ်ကြောင်း ဖြစ်ပြီး မယ်ဒီရာ့ စိတ်ဝင်စားမှုကို မြင်တော့ သူ အနည်းငယ် စိတ်ပူပန်လာပြီး မေးခွန်းထုတ်လိုက်သည်။

"ကျွန်မ စကားနားထောင်တဲ့ သူမျိုးကို သဘောကျတယ်"

"ဘယ်လို?"

"ကျွန်မသာ ကောင်းကင်ပေါ်က ကြယ်ကို လိုချင်ရင် အဲ့လူက ကျွန်မအတွက် ကောင်းကင်ပေါ်က ကြယ်အားလုံး ယူပေးရုံတင်မဟုတ်ပဲ လမင်းကိုပါ ယူပေးမဲ့ သူမျိုး၊ ကျွန်မရဲ့ စိတ်နှလုံးကို သိပြီး နားလည်တဲ့ သူမျိုးကို သဘောကျတယ်"

မယ်ဒီရာ ကျောမတ်ကာ ဂုဏ်ယူစွာ ဆိုသည်။ လိုင်လ် မျက်နှာ မကောင်းတော့။

"အဲ့လိုလား? ကိုယ်လဲ မင်း ပြောသမျှ နားထောင်တာပဲ!"

"ဒါဆို ကျွန်မကို လွှတ်ပေးပြီး အစောင့်တွေကို ဖယ်ပေး! ကျွန်မ စာကြည့်တိုက်ကိုတောင် သွားလို့ မရဘူး! အပြင်ထွက်ချင်တယ်!!"

"မင်း ကိုယ်နဲ့ အတူရှိနေရင် အပြင်ထွက်လို့ ရတယ်လေ"

"ဟင့်အင်း၊ ကျွန်မက ဘာလို့ အရှင်မင်းကြီးနဲ့ပဲ အချိန်တိုင်း အတူသွားရမှာလဲ?"

ခဏလောက် လိုင်လ် ဆွံ့အသွားသည်။

"ဒါက..."

"ကျွန်မ အရှင်နဲ့ အတူ သွားစရာမလိုဘူး၊ အရှင်မင်းကြီးလဲ စိတ်အနှောင့်အယှက်ဖြစ်မှာပဲ၊ ကျွန်မနဲ့ အတူ ဘာလို့ သွားရမယ်လို့ပဲ ပြောနေတာလဲ?"

"......"

မယ်ဒီရာ့ကို ကြည့်ရင်း လိုင်လ့် နှုတ်ခမ်းတွေ တင်းတင်းစေ့သွားသည်။ သူ သူမကို မကျေမချမ်းစိုက်ကြည့်ပြီး သူ့ခုံက ရုတ်တရက်ထကာ သူမဘေး ထိုင်ချလိုက်သည်။

အခုတော့ မယ်ဒီရာက သူ့ကို သူ သူမကို သဘောကျသလောက် သဘောမကျမှန်း သိသွားလေပြီ။ ဒါက အရင် ဆက်ဆံရေးနဲ့ လုံးဝဆန့်ကျင်ဘက် အခြေအနေဖြစ်သည်။

Your Majesty is annoying (Myanmar Translation)Dove le storie prendono vita. Scoprilo ora