အပိုင်း (၆)

5.5K 304 1
                                    

Unicode
"အရှင်..."

"......"

"အရှင်မင်းကြီး"

လိုင်လ်က လန့်သွားသလို ဆစ်ခ်ကို လှည့်ကြည့်သည်။

ဆစ်ခ်က စားပွဲခုံရှေ့ရပ်ရင်း စာရွက်တွေကို လိုင်လ်ရှေ့တွင် ဖြန့်ခင်းလိုက်လေသည်။

"အရှင် ဘာတွေများ ဒီလောက်တွေးနေတာပါလဲ"

"ဘာမှမဟုတ်ဘူး။"

သူက ခပ်ညစ်ညစ်မျက်နှာနဲ့ ဖြေတော့ ဆစ်ခ်က ဘဲဥပုံရုံးခန်းထဲက အစေခံတွေကို တချက်လှမ်းကြည့်သည်။

သူတို့က ရုံးခန်းထဲက ချက်ချင်းထွက်သွားကြသည်။

"အရှင် စောနက မိဖုရားကို တွေ့လိုက်လို့လား"

သူဝန်မခံချင်ပေမဲ့ မယ်ဒီရာကြောင့် သူတကယ်ကို စိတ်အနှောက်အယှက်ဖြစ်ရလေသည်။

လိုင်လ်က သူမျက်မှောင်ကြုတ်ထားမှန်း မသိပဲ ဖြေသည်။

"ငါ မယ်ဒီရာပြေးတာ တခါမှ မမြင်ဖူးဘူး"

"ငါထင်တာက နန်းတော် မီးလောင်ရင်တောင် သူမက ပြေးမှာ မဟုတ်ဘူးပေ့ါ"

"ကျွန်တော်မျိုးထင်တာက အရှင်မက တော်ဝင်မိသားစုရဲ့ အိန္ဒြေကို အထိခိုက်ခံမဲ့ အစား အသေခံမယ်လို့ ထင်ခဲ့တာ"

လိုင်လ်ရဲ့ မျက်နှာက ဆစ်ခ်အဖြေစကားကြောင့်ပိုဆိုးသွားလေသည်။

"တကယ်ပဲ အတိတ်မေ့တာလား..."

"တကယ်ဆိုရင်ရော။ သူမကို သွားတွေ့မှာလား"

လိုင်လ်က သက်ပြင်းချသည်။

ကြည့်ရတာ မယ်ဒီရာက သူ တခါမှ မသိဘူးတဲ့ လူတစ်ယောက်လို ပြောင်းလဲ သွားခြင်းပင်။

" မသွားဘူး"

"ဒါဆို အရှင်ဘာကို စိတ်ပူနေတာလဲ။ မဟုတ်မှ လွဲရော နောက်နှစ်ရက်နေရောက်မဲ့ အုံးစက်ရာနွှဲမဲ့နေ့အတွက် ပူနေတာလား"

လိုင်လ် ခဏလောက် ဆွံ့အသွားသည်။

သူ မယ်ဒီရာ့ကြောင့် စိတ်ရှုပ်ရလွန်းသောကြောင့် နောက်နှစ်ရက်နေ ရောက်မဲ့ သူတို့ရဲ့ အုံးစက်ရာနွှဲပွဲကိုပင် မေ့နေလေသည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now