အပိုင်း (၁၁)

5.2K 274 3
                                    

Unicode
"အဆင်..သင့်ဖြစ်ပါပြီ အရှင်။ ဒီဘက်မှာပါ..."

အစေခံက အရှေ့ကနေဦးဆောင်ခေါ်သွား၏။ လိုင်လ်က ရှက်နေတဲ့ မယ်ဒီရာကို ဖက်ရင်း အနောက်က လိုက်လာသည်။

"ကျွန်..ကျွန်မ၊ အရှင်မင်းကြီး!!"

"တိတ်တိတ်နေ"

အေးစက်စက်လေသံနဲ့ အမိန့်ပေးရင်း လိုင်လ်က သူခံစားနေရတဲ့ ခံစားမှုပေါ် အာရုံစိုက်လိုက်သည်။ သူမတကယ်လို့များ ကလေးရသွားခဲ့ရင် သူနောက်ဆို ဒီမလိုအပ်တဲ့ ထုံးထမ်းစဉ်လာကို လုပ်စရာမလိုတော့ဘူးမလား။

အစေခံက အနီးဆုံး အိပ်ခန်းဆောင်ဆီ သူတို့ကို ခေါ်လာသည်။ ခန်းဆောင်တံခါးကို အဆင်သင့်ဖွင့်ထားပြီး အပျိုတော်တွေနဲ့ ရံရွှေတော်တွေက တံခါးရှေ့တွင် အသင့်စောင့်ဆိုင်းနေသည်။ မယ်ဒီရာ သူတို့ကို မျက်နှာချင်းမဆိုင်ရဲပဲ မျက်နှာဝှက်လိုက်သည်။

ထွက်ပြေးတဲ့ အခြေအနေက မဆိုးသေးလို့လားမသိ၊ လိုင်လ် ဖက်ထားတာ ခံနေရတာကပင် သူမကို ရှက်လို့ သေချင်စိတ်ပေါက်လာသည်အထိ။

လိုင်လ်က သူမကို ဖက်လျက်ပင် အစေခံတွေကို တချက်ပင် စောင်းငဲ့မကြည့်ပဲ အခန်းထဲ ဝင်သွားသည်။

"ဟင်"

အခန်းတံခါးပိတ်သွားသည်ကို ကြည့်ရင်း မယ်ဒီရာ့မျက်နှာ ဖြူဖျော့သွားသည်။ သူမကို တရွတ်တိုက်ဆွဲရင်း လိုင်လ်က သလွန်တော်ဆီ လျှောက်သွားသည်။

"အ..အရှင်မင်းကြီး"

လိုင်လ်က မယ်ဒီရာ့ကို မျက်မှောင်ကြုတ်ကြည့်ရင်း သူမကို အိပ်ရာပေါ်ပွေ့တင်လိုက်၏။

အိပ်ရာပေါ် ပစ်အတင်မခံရတာမို့ သက်ပြင်းချမိပေမဲ့ လိုင်လ့်မျက်နှာ တဖြည်းဖြည်းနီးကပ်လာတာကို ကြောင်ကြည့်နေမိလေသည်။

သူမ သူ့မျက်နှာကို လက်နှစ်ဖက်နှင့် အလိုအလျှောက်လှမ်းကိုင်လိုက်မိသည်။

နီရဲနေတဲ့ လိုင်လ်ါမျက်လုံးထဲ မီးတောက်သွားသလို။

"ဘုရင်မ.... မင်းအခုဘာလုပ်နေတာလဲ"

"အိုး၊အမ်.. အရှင်မင်းကြီးက ဒီနေ့လဲ ထပ်ကြည့်ကောင်းနေတာပဲ"

Your Majesty is annoying (Myanmar Translation)Where stories live. Discover now