အပိုင်း (၅၂)

4.1K 234 13
                                    

{Unicode}

အရင်ဧကရာဇ်က အသက်အရွယ်ကြီးရင့်လာသည်အထိ ချောမောဆဲဖြစ်ပေမဲ့ သူ့ရဲ့ ကျဆင်းလာတဲ့ ခွန်အားကြောင့် များလှစွာသော ကိုယ်လုပ်တော်တွေ သူ့အပေါ် ဖောက်ပြန်မည်ကို စိုးရိမ်ခဲ့၏။

ဒီကိစ္စကို စိတ်ပူနေတဲ့ ဘုရင့်ဆီကို စိတ်ကြွဆေးတစ်မျိုးအကြောင်း သတင်းစကား ရောက်လာခဲ့သည်။ ကမ္ဘာ့တဖက်ခြမ်းမှာ နေထိုင်တဲ့ တလင်တမယား စနစ်ကို ကျင့်သုံးတဲ့ ဆွန်းလူမျိုးစိတ်တွေ သုံးတဲ့ စိတ်ကြွဆေးတစ်မျိုးပင်။

ဆွန်းတွေက လူသားတွေကို ဘ၀လက်တွဲဖော်အဖြစ် လက်ခံလေ့ရှိပေမဲ့ နောက်ကွယ်မှာ ဖောက်ပြန်တာကို ကာကွယ်ဖို့အတွက် ပထမဆုံးညမှာ ထိုဆေးကို သုံးလေ့ရှိကြသည်။

ဘ၀တသက်တာလုံးတွင် ကြင်ဖော်တစ်ယောက်သာ ထားလေ့ရှိတဲ့ ဆွန်းတွေနဲ့ မတူစွာပင် လူသားတွေက စိတ်အပြောင်းအလဲများတတ်တာမို့ ဒီအကျင့်ကို ကာကွယ်ဖို့ ထိုနည်းလမ်းကို သုံးကြခြင်းပင်။

စိတ်ကြွဆေး ဖော်စပ်ရန်နည်းလမ်းကို ၀ယ်ယူဖို့ အရင်ဧကရာဇ်မင်းက ငွေကြေးမြောက်မြားစွာကို တိတ်တဆိတ် အသုံးပြုခဲ့သည်။ ထို့နောက် အဓိပ္ပယ်မဲ့လှစွာနဲ့ပဲ တော်၀င်မိသားစုကလဲ ဆွန်းလူမျိုးစိတ်များနည်းတူ ထိုနည်းလမ်းကို အသုံးပြုခဲ့သည်။

ဘုရင့်ကို လက်ဆက်ရတဲ့ အမျိုးသမီးက သည်စိတ်ကြွဆေးကို အသုံးပြုကြရသည်။ တော်၀င်မိသားစုမှ ဆင်းသက်လာတဲ့ လျို့ဝှက်နည်းလမ်းလိုမျိုး ထိုဓလေ့ကို မှတ်တမ်းများတွင်ပင် မှတ်တမ်းတင်ခဲ့သည်။

ဥပမာအားဖြင့် ဘုရင်က ကိုယ်လုပ်တော်အသစ်တစ်ယောက်ထံ အိပ်ဆောင်ကူးတိုင်း ထို စိတ်ကြွဆေးကို အသုံးပြုရပြီး ကိုယ်လုပ်တော်များအပြင် ဧကရီဘုရင်မနှင့် မိဘုရားများအပေါ်တွင်ပါ အသုံးပြုခဲ့ကြသည်။

လိုင်လ်က အရင်ဧကရာဇ်မင်းမြတ်ကို ရွံ့ရှာတာမို့ ဒီနည်းလမ်းကို အသုံးမပြုချင်ခဲ့ပေ။ မယ်ဒီရာကို လက်ဆက်ခဲ့ချိန်တွင်လဲ သူမနဲ့ အတူအိပ်ဖို့ ရှောင်ဖယ်ခဲ့ပြီး မဖြစ်မနေ အုံးစက်ရာနွှဲပွဲဆင်နွှဲခဲ့ရချိန်တွင်လဲ သူမ သူ့ကို ပိုပြီးနှောင့်ယှက်မှာ စိုးရိမ်တာကြောင့် မသုံးဖြစ်ခဲ့ပေ။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now