အပိုင်း (၈၅) 🚨🚨

5.1K 146 1
                                    

{Unicode}

မယ်ဒီရာ့ရဲ့ ပူနွေးတဲ့ ပါးပြင်တွေကို ပွတ်သပ်ရင်း အာခြောက်လာသလို ခံစားလိုက်ရတာမို့ လိုင်လ် တံတွေးမျိုချလိုက်သည်။

"ကိုယ် ဘယ်တော့မှ ငြီးငွေ့မှာ မဟုတ်ဘူး၊ အမြဲတောင့်တနေခဲ့တာ..."

သူမလဲ တခါတရံတော့ အရဲစွန့်ချင်မိသည်။

သူမကိုယ်ဝန်ရှိလာချိန်ကို မယ်ဒီရာ မယုံနိုင်ဖြစ်နေမိသည်။ သူမ ကိုယ်ဝန်ရှိတဲ့အတွက် ပျော်ရွှင်ရပေမဲ့ အချိန်အနည်းငယ်အကြာမှ ကိုယ်ဝန်ရလာဖို့ မျှော်လင့်မိသည်။

သက်ပြင်းတချက်နဲ့အတူ လိုင်လ် မယ်ဒီရာ့လည်တိုင်ပေါ် မျက်နှာအပ်လိုက်သည်။ အရင်တခေါက်က အချင်းများမှုကို ကျော်လွှားနိုင်ပြီဖြစ်မှန်း သူမသိလိုက်သည်။

သို့သော် ဒီသက်ပြင်းချသံက ဘာကိုဆိုလိုတာပါလိမ့်။

"အရှင်မင်းကြီး?"

"ဟားးးးး... ကိုယ်တို့ ၆ပတ်တောင် ဘယ်လိုသည်းခံရမှာလဲ?"

"အင်း??"

မယ်ဒီရာ စကားစတော့ လိုင်လ် ခေါင်းမော့လိုက်ကာ မယ်ဒီရာ့ပါးကို ဖွဖွညှစ်ရင်း အလိုမကျသလို မဲ့လိုက်သည်။

"ကိုယ်တို့ ထိုးသွင်းဆက်ဆံမှုမလုပ်နိုင်တာနဲ့ပဲ ကိုယ်က ဧကရီကို အလွတ်ပေးမယ် ထင်နေရင် မင်းထင်တာ မှားနေပြီ။ ထိုးသွင်းမှုမရှိပဲ ကိုယ်တို့ပျော်လို့ရတဲ့ နည်းတွေ ရှိပါတယ်"

လိုင်လ် သတိပေးပေမဲ့ မယ်ဒီရာက ပြုံးလိုက်သည်။

"ကလေးအတွက် အလွန်အကြူးမဖြစ်သရွေ့ လုပ်လို့ရတယ်"

"ဟား"

မယ်ဒီရာ့ရယ်သံက လိုင်လ့်သိက္ခာကို ဆွလိုက်သလိုပင်။ ဒေါသထွက်သွားတဲ့ မျက်နှာနဲ့  လိုင်လ် ရယ်မောလိုက်သည်။

"ကောင်းပြီလေ၊ ကိုယ် ဧကရီအတွက် အကောင်းဆုံး ကြိုးစားပေးပါ့မယ်"

***

နိုင်ငံရေးဆွေးနွေရပွဲကနေ ဧကရာဇ်ရုတ်တရက်ပြေးထွက်သွားရတဲ့ အကြောင်းရင်းကို သိလိုစိတ် မူးမတ်တွေမှာ ပြင်းပြနေသည်။ အချို့ကား နယ်စားမင်းကရစ်ခ်လိုပင် ဧကရီရဲ့ ကိုယ်ဝန်သတင်းအကြောင်း သူလျိုတွေမှတဆင့် သိနှင့်ပြီးဖြစ်သည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now