အပိုင်း (၇၅) 🚨🚨

6.5K 170 6
                                    

{Unicode}

[ဒါက ရေငွေ့မရိုက်ဘူး၊ ရေချိုးခန်းအတွက် စပယ်ရှယ် မှန်လား?]

မယ်ဒီရာ ရေချိုးဇလုံက ထွက်လိုက်ကာ မှန်ရှေ့ မတ်တပ်ရပ်လိုက်သည်။

လိုင်လ် သူမကို ပွေ့ဖက်ထားတာ မကြာသေးတာမို့ သူမခန္ဓာကိုယ်တခုလုံးမှာ ပွင့်ဖတ်တွေလို့ အချစ်ရာတွေနဲ့ ပြည့်နှက်နေသည်။ လိုင်လ် သူမလည်ပင်းနောက်နားတလျှောက် အရာတွေ ချန်ခဲ့ကာ သူမရင်သားတွေကနေ အတွင်းသားတွေထိ၊ တင်ပါးတွေ၊ သူမရဲ့ မိန်းမကိုယ်နဲ့ သူမခါးအပြင် နောက်ကျောတွေအထိဖြစ်သည်။

[ဒါက နည်းနည်းတော့ ရှက်ဖို့ကောင်းတယ်]

မယ်ဒီရာ ရှက်သွေးဖြာရင်း ခေါင်းလှည့်လိုက်တာမို့ မှန်နောက်က ထွက်လာပြီး ဝတ်ရုံကို ချွတ်ချလိုက်တဲ့သူကို မမြင်လိုက်ပေ။

"မီလီ"

ရင်းနှီးနေတဲ့ အသံကြောင့် သူမနှလုံးသား လေးပင်သွားရသည်။

"ကိုယ်တို့ အတူ သန့်ရှင်းရေး လုပ်ကြမယ်၊ ကောင်းပြီလား?"

သူမပြန်လှည့်ကြည့်လိုက်တော့ သူ့ဝတ်ရုံကို ချွတ်ထားနှင့်ပြီးဖြစ်တဲ့ လိုင်လ်က ပြုံးပြ နှုတ်ဆက်လာသည်။

"အို...."

သူမမျက်နှာပေါ်က ပျော်ရွှင်သွားဟန်ကြောင့် လိုင်လ် ပြုံးလိုက်သည်။ ဆစ်ခ်ရဲ့ အကြံကို သူ မယုံင်္သကာဖြစ်ခဲ့ပေမဲ့ ကြည့်ရတာ အကျိုးသက်ရောက်မှု ရှိပုံပင်။

"ဒီကိုလာ"

သူ့လက်တွေကို ဆန့်တန့်ကာ ဆိုလိုက်တော့ မယ်ဒီရာ သူ့လက်မောင်းတွေထဲ ပြေးဝင်လာကာ သူ့ကို ဖက်လိုက်သည်။ ဒီအချိန်မှာ သူ ခံစားလိုက်ရတဲ့ ပျော်ရွှင်မှုက စကားလုံးနဲ့တောင် ဖော်ပြလို့ မရပေ။ ထို့ကြောင့် ဒါက ဘာမှ အရေးမကြီးတဲ့အရာဖြစ်ကြောင်း လိုင်လ် သူ့ကိုယ်သူ သတိပေးလိုက်သည်။ ဒါက ပုံမှန်မဟုတ်ပေ။

သူ့ကိုယ်ပေါ် ဖိကပ်လာတဲ့ သူမရဲ့ ရင်သားတွေက နွေးထွေးနူးညံ့နေပြီး မယ်ဒီရာ့ခန္ဓာကိုယ်ကြောင့် စိတ်လှုပ်ရှားနေပြီးဖြစ်တဲ့ သူ့အောက်ပိုင်းက မာတောင်လာရသည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now