အပိုင်း (၁၁၅)

1.6K 87 6
                                    

{Unicode}

လုခ် ဘေးဘက်ဆီ လက်လှမ်းကာ လှည်းအိမ်နံရံဆီ လှမ်းထောက်လိုက်ပြီး စီရီရာ ထွက်ပြေးမည်ကို ကာကွယ်လိုက်သည်။ သူမ မသိလိုက်ခင်မှာပင် သူ့လက်တွေက သူမခါးသိမ်သိမ်ဆီ ပွေ့ဖက်ပြီးဖြစ်ကာ သူမက ထိုင်ခုံနှင့် လုခ် လက်မောင်းအကြား ပိတ်ညှပ်ထားခံရသည်။

"ကိုယ် မင်းကို သဘောကျတယ်၊ စီရီရာ..."

(ကျေးဇူးပြုပြီး ကိုယ့်နှလုံးသားကို လက်ခံပေးပါ)

သူမနှုတ်ခမ်းများအပေါ် ဖွဖွကိုက်ငုံလိုက်ခြင်းကြောင့် သူ၏ တီးတိုးဆိုသံများမှာ စီရီရာ့နှုတ်ခမ်းတွင်းသို့ စီးမျောသွားသည်။

သူ၏ အေးစက်စက်အသွင်အပြင်နှင့် ကွဲပြားခြားနားလှသည့် ပူနွေးသည့်နှုတ်ခမ်းသားများအား ထိတွေ့ချိန်၌ စီရီရာ မျက်ဝန်းတို့ တင်းတင်းစေ့ပိတ်လိုက်သည်။ သူမနှလုံးခုန်သံမှာ ကျယ်လောင်လွန်းလှသဖြင့် ခန္ဓာကိုယ်တစ်ခုလုံးပင် တုန်ယင်နေသည်။

"အိုး... အာ့"

သူမခံတွင်းထဲ တိုးဝင်နေသည့် သူ့လျှာမှာ စိတ်ကြွစေသည့် ညည်းတွားသံဖြင့် နမ်းရှိုက်လာသည်။ သူမအာခံတွင်းထဲ လုခ် လျှာဖျားတိုးဝင်ကာ အရသာခံမှုကြောင့် စီရီရာ ရှက်ရွံ့ပူထူသွားသည်။

သူ ဘာလုပ်နေတာလဲ? နမ်းတယ်ဆိုတာ ဒီလိုမျိုးလား?

ခုံတန်းပေါ် တဝက်မျှ လဲလျောင်းလုနီးဖြစ်နေသည့် သူမခန္ဓာကိုယ်ကို သူ့လက်မောင်းတွင်းသို့ ဆွဲသွင်းကာ စီရီရာ့နှုတ်ခမ်းနှင့် ပါးစပ်ကို သူ့စိတ်တိုင်းကျ မြည်းစမ်းသည်။

ဤသည်မှာ လုခ်အတွက် ပထမဆုံးအကြိမ်ဖြစ်သည်ကို သူမနှုတ်ခမ်းများပေါ် လျှာဖြင့် သပ်ချိန်တိုင်း အမှားမှားအယွင်းယွင်း လုပ်မိခြင်းကြောင့် သိရှိနိုင်သည်။ နောက်ဆုံး၌ စီရီရာ့မျက်ဝန်းတို့ မှေးပိတ်ကာ သူမနှုတ်ခမ်းများအား သူ့ထံ ပုံအပ်လိုက်သည်ကို မြင်လျှင် လုခ် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။

"ဟာ့...."

သူ ဒီလိုလုပ်၍ မဖြစ်ပေ။ သူက ဒီအပြစ်ကင်းပြီး ချစ်စဖွယ်ကောင်းသည့် မိန်းမပျိုအား ဆံစတစ်စပင် မကျန် ဤနေရာ၌ လုံးဝဥဿုံ ဝါးမျိုပစ်ချင်သည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now